ပေါ်တိုဂိုးသမား ကားဆီးလက်စ် ချန်ပီယံလိဂ်ပြိုင်ပွဲ အကြိမ် ၂၀ ကစားနိုင်သည့် စံချိန်တင်

ဓာတ်ပုံ - Reuters
ပေါ်တိုဂိုးသမား ကားဆီးလက်စ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို အကြိမ် ၂၀ ပါဝင်ကစားနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ စပိန်ဂိုးသမား ကားဆီးလက်စ်ဟာ သူ့ရဲ့ အကြိမ် ၂၀ မြောက် ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် မနေ့ညက ကစားခဲ့တဲ့ ရှော်ကေးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ကစားခဲ့တာပါ။ ကားဆီးလက်စ်အနေနဲ့ ၁၉ ကြိမ်ကစားထားတဲ့ မန်ယူကစားသမားဟောင်း ရိုင်ယန်ဂစ်ကို ကျော်ဖြတ်ပြီး အကြိမ် ၂၀ နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ အများဆုံးကစားနိုင်တဲ့သူ ဖြစ်လာတာပါ။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ဂိုးသမား ကားဆီးလက်စ်ဟာ သူ့ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ၁၉၉၉-၂၀၀၀ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ စတင်ကစားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၂၀၁၄-၂၀၁၅ ခုနှစ်အထိ ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ ကြိမ်ကစားခဲ့ပြီး လက်ရှိကစားနေတဲ့ ပေါ်တိုအသင်းနဲ့အတူ ၄ ကြိမ် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ ကားဆီးလက်စ်ရဲ့နောက်မှာ ရိုင်ယန်ဂစ်က ၁၉ ကြိမ်၊ ပေါလ်စခိုးက ၁၇ ကြိမ်နဲ့ ရပ်တည်နေပါတယ်။ လက်ရှိကစားနေတဲ့ သူတွေထဲမှာတော့ ဘိုင်ယန်က ရော်ဘင်က ၁၆ ကြိမ်၊ စီရော်နယ်ဒို၊ မက်ဆီ၊ အီဘရာဟီမိုဗစ်တို့က ၁၅ ကြိမ်စီ ကစားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up