A d v e r t i s e m e n t With Us

အမေရိကန်တွင် မုန်တိုင်းကြောင့် ရေကြီးမှုအတွင်း ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ၅ ဦးကို ကယ်ဆယ်

ဓာတ်ပုံ - Wild Florida
ဖလော်ရီဒါ တောရိုင်းတိရစ္ဆာန် ကြည့်ရှုရေးအဖွဲ့က ကယ်ဆယ်ရေးအဖွဲ့တဖွဲ့ဟာ မုန်တိုင်း ဖလောရင့်စ်ကြောင့် ရေကြီးမှုတွေအတွင်း ကိုယ်ဝန်ရှစ်လရှိသူ မိခင်တဦး အပါအဝင် မိသားစုဝင် ၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲဒီမိသားစုမှာ ကိုယ်ဝန်ဆောင်မိခင် အပါအဝင် အသက် ၄ နှစ်နဲ့ ၈ နှစ်အရွယ် ကလေး ၂ ဦး၊ သူတို့ဖခင်၊ မိဘဖြစ်သူတွေရဲ့ အသက် ၆၀ အရွယ် ဦးလေး ၁ ဦးနဲ့ အိမ်မွေးခွေး ၁ ကောင်ပါ ပါဝင်ပါတယ်။ ဒီမိသားစုဟာ ကယ်ဆယ်ရေးအဖွဲ့ သူတို့ဆီ မရောက်ခင်အထိ ရင်ခေါင်းအထိ ရောက်နေတဲ့ ရေထဲမှာ ဖခင်ဖြစ်သူက ၈ နှစ်အရွယ်သားကို ပခုံးပေါ်ထမ်း၊ ကိုယ်ဝန်ဆောင်မိခင်က ၄ နှစ်အရွယ် သမီးကို ထမ်းပြီး ရေထဲမှာ ၅ နာရီအထိ နေခဲ့ရတာပါ။ ကယ်ဆယ်ရေးအဖွဲ့ကတော့ ဒီမိသားစုဟာ ရေတောထဲ သစ်ပင်တွေကိုကိုင်ပြီး နာရီချီကြာအောင် နေခဲ့ရပြီးဖြစ်လို့ ကယ်ဆယ်ရေး မရောက်နိုင်တော့ဘူးဆိုပြီး သေဖို့ စိတ်ပိုင်းဖြတ်ထားသူတွေ ဖြစ်တယ်လို့ ရိုက်တာသတင်းကို ပြောပါတယ်။ ဒါ့ကြောင့် အခုလို ကယ်ဆယ်နိုင်ခဲ့တာကို ဝမ်းသာမိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up