Live
Home
မြန်မာသတင်း
မုံရွာမြို့နယ်၊ ကျောက္ကာရေနံဖိုတွင် မီးလောင်မှုဖြစ်ပွား
Aung Ko Latt
·
September 19, 2018
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာရှိ ရေနံချက်ဖိုမှာ ဒီကနေ့ မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် ရေနံစိမ်း ၂၅၀ ဂါလံ၊ သံဖရိန်ထောင် သွပ်မိုးအဆောက်အဦး ၁လုံး တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုး ကျပ် ၅ သိန်းဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ခရိုင်မီးသတ်ဦးစီးဌာန လ/ထ ညွှန်ကြားရေးမှူး ဦးညီညီဇော်က"အဓိကကတော့ချက်ဖို ဆီတိုင်ကီကဟောင်းတော့  ပေါက်ပြီး ဆီယိုစိမ့်ရာကနေ မီးနဲ့တွေ့ပြီး မီးလောင်ခဲ့တာပါ။ အချိန်နဲ့ တပြေးညီ ငြှိမ်းသတ်နိုင်ခဲ့လို့ ကျန်တဲ့ဖိုတွေကို မီးကူးစက်တာ မရှိခဲ့ပါဘူး။"လို့ ပြောပါတယ်။ မီးလောင်ရာကို ဒုတိုင်းမီးသတ်ဦးစီးမှူးဦးဆောင်တဲ့ မီးသတ်တပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်၊ ချက်ဖိုအလုပ်သမားနဲ့ ပြည်သူ ၁၀၀ ခန့်က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ မီးလောင်တဲ့ ၁ နာရီ ၁၅ မိနစ်ချိန်ကနေ ၂နာရီခန့်အချိန်မှာ လုံးဝမီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ရာကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်လည်း လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်တာတွေ ညွန်ကြားခဲ့ပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး ရေနံချက်ဖို တာဝန်ရှိသူကို မီးပေါ့ဆစွာအသုံးပြုတဲ့အတွက် အမှုဖွင့် အရေးယူဖို့ စီစဉ်နေပါတယ်။ ကျောက္ကာရေနံချက်ဖိုမှာ ရေနံချက်ဖိုပေါင်း ၃၀၀ ကျော်ရှိပြီး တချို့ဖိုတွေက ထင်းအစား အခြားနည်းပညာတွေအသုံးပြုနေပေမယ့် တချို့ဖိုတွေကတော့ ထင်းသုံးစွဲတာတွေ ရှိနေပါသေးတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024