A d v e r t i s e m e n t With Us

တိုက်စစ်မှူး ဒီပိုင်း မန်ယူတွင်ကစားခဲ့စဉ် နည်းပြ ဗန်ဟားလ်နှင့် ပြဿနာဖြစ်ခဲ့

မန်ယူအသင်းမှာ ကစားတုန်းက နည်းပြ လူးဝစ္စဗန်ဟားလ်နဲ့ ပြဿနာဖြစ်ခဲ့ပေမယ့် အခုချိန်မှာ ပြောပြမှာမဟုတ်သေးဘူးလို့ လိုင်ယွန်တိုက်စစ်မှူး ဒီပိုင်းက ပြောပါတယ်။ ဒီပိုင်းဟာ လက်ရှိအချိန်မှာ လိုင်ယွန်အသင်းမှာ ကစားနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် မန်စီးတီးနဲ့ ကစားဖို့အတွက် မန်ချက်စတာမြို့ကို ပြန်လည်ရောက်ရှိနေတာပါ။ လိုင်ယွန်နဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မန်ယူအသင်းမှာရှိစဉ်က အဖြစ်အပျက်တွေကို မီဒီယာတွေက မေးမြန်ခဲ့ကြတာပါ။ ဗန်ဟာလ်းနဲ့ အဆင်မပြေတာတချို့ ရှိပေမယ့် အခုချိန်မှာ လူတွေသိအောင် ပြောပြမှာမဟုတ်ဘဲ တချိန်မှာ စာအုပ်တအုပ်ရေးဖြစ်မယ် ဆိုရင်တော့ အဲဒီစာအုပ်မှာ ပြောပြမှာဖြစ်တယ်လို့ ဒီပိုင်းကဆိုပါတယ်။ အသက် ၂၄ နှစ်ရှိ ဟော်လန်တိုက်စစ်မှူး ဒီပိုင်းဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ မန်ယူအသင်းမှာ ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့တာကြောင့် မန်ယူအသင်းက လိုင်ယွန်အသင်းဆီ ရောင်းချခဲ့တာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up