ငွေကြေးခဝါချမှု စွဲချက်ဖြင့် အာဂျင်တီးနားသမ္မတဟောင်း ဖာနန်ဒက်ဇ် အမှုရင်ဆိုင်

ဓာတ်ပုံ - EPA/David Fernandez
811
အာဂျင်တီးနားသမ္မတတဟောင်း ခရစ္စတီနာ ဖာနန်ဒက်ဇ်ဟာ ငွေကြေးခဝါချမှု၊ ရာဇဝတ်အဖွဲ့တွေနဲ့ ဆက်နွှယ်မှု စွပ်စွဲချက်တွေအတွက် စက်တင်ဘာ ၁၈ ရက်က တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရပါတယ်။
အခုစွပ်စွဲချက်တွေဟာ ဖာနန်ဒက်ဇ် အုပ်ချုပ်တဲ့ ဟိုတယ်တွေနဲ့ ဆက်နွှယ်ပြီး တရားစွဲဆိုမှုတွေမှာ သူ့သားသမီးတွေ၊ သူနဲ့အတူ စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းရှင်တွေ ပါဝင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဖာနန်ဒက်ဇ်ရဲ့ တရားရုံးထွက်ဆိုချက်မှာတော့ အာဏာပိုင်တွေဟာ သူ့ရဲ့လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေပေမယ့် သူ့အနေနဲ့ တရားမဝင် ငွေကြေးရယူခဲ့တာမျိုး မရှိလို့ ဆက်ပြီး စောင့်ကြည့်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ဖာနန်ဒက်ဇ်ဟာ အစိုးရအဖွဲ့မှာ တာဝန်ယူချိန်တုန်းက လုပ်ငန်းလုပ်ကိုင်ခွင့် ရလိုတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေထံကနေ လာဘ်ယူခဲ့တယ်လို့ စွဲချက်တင်ခံထားရပါတယ်။
လက်ရှိမှာ အထက်လွှတ်တော်အမတ်တယောက်ဖြစ်တဲ့ ဖာနန်ဒက်ဇ်ဟာ လွှတ်တော်အမတ်တဦး ရရှိတဲ့ အကာအကွယ်ကြောင့် ဖမ်းဆီးမခံရပေမယ့် တရားစွဲဆိုမှုတော့ ခံနေရပါတယ်။