တရုတ်က အမေရိကန် ကုန်စည်များအပေါ် ဒေါ်လာဘီလျံ ၆၀ အခွန်ကောက်

တရုတ်နိုင်ငံဟာ စီစဉ်ထားတဲ့အတိုင်း အမေရိကန် ကုန်စည်တွေအပေါ် ဒေါ်လာဘီလျံ ၆၀ အခွန်ကောက်ခံလိုက်ပါတယ်။ ဒါပေမယ့် ကုန်ပစ္စည်း တခုချင်းစီအတွက် ကောက်ခံမယ့် အခွန်ပမာဏကိုတော့ လျှော့ချလိုက်ပါတယ်။ အရင်အဆိုပြုထားတဲ့ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းနဲ့ ၂၅ ရာခိုင်နှုန်းအစား ၅ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းအထိပဲ ကောက်ခံမယ်လို့ တရုတ် ဘဏ္ဍာရေးဝန်ကြီးဌာနက သူ့ရဲ့ အင်တာနက်စာမျက်နှာကနေတဆင့် သတင်းထုတ်ပြန်လိုက်တာပါ။ ၂၀ ကနေ ၂၅ ရာခိုင်နှုန်းအထိ ကောက်ခံမယ့် အမေရိကန်ထုတ်ကုန်တွေကို ၁၀ ရာခိုင်နှုန်းပဲ ကောက်တော့မှာဖြစ်ပြီး သဘာဝဓာတ်ငွေ့ရည်လိုမျိုး ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံမယ့် အမျိုးအစားတွေကိုတော့ ၁၀ ရာခိုင်နှုန်းသာ ကောက်ခံတော့မှာ ဖြစ်ပါတယ်။ အခွန်စနစ်သစ်ဟာ စက်တင်ဘာ ၂၄ ရက်မှာ စတင်အသက်ဝင်မှာဖြစ်ပြီး အဲဒီနေ့ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရကလည်း တရုတ်ကုန်စည်တွေကို ဒေါ်လာဘီလျံ ၂၀၀ အထိ တိုးကောက်မယ့်နေ့ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up