စပိန်တွင် ရစ်ဇ်ဟိုတယ် ဆောက်လုပ်ရေးလုပ်ငန်းခွင် ငြမ်းပြိုကျ၊ လူ ၁ ဦးသေဆုံး

ဓာတ်ပုံ - AFP
စပိန်နိုင်ငံ မက်ဒရစ်မြို့က ပြုပြင်မွမ်းမံဆဲ ရစ်ဇ်ဟိုတယ်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ငြမ်းပြိုကျမှုကြောင့် လူတဦး သေဆုံးခဲ့တယ်လို့ စပိန်နိုင်ငံပိုင်ရုပ်သံ TVE က သတင်းဖော်ပြပါတယ်။ နောက်ထပ် လူ ၁၂ ဦး နီးပါးလည်း ဒဏ်ရာရခဲ့တယ်လို့ မက်ဒရစ် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ခြောက်ထပ်မှာ တပ်ဆင်ထားတဲ့ သံကြွပ်ကြောင့် အခုလိုပြိုကျတာ ဖြစ်နိုင်တယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့တွေက တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။ ၆ ထပ်မှာရှိတဲ့ သံကြွပ်ကြောင့် ငြမ်းစင်ပြိုကျမှု ဖြစ်စေခဲ့တယ်လို့ TVE သတင်းမှာ ဖော်ပြပါတယ်။ ဒီဟိုတယ်ကို ဖေဖော်ဝါရီလကတည်းက စတင်မွမ်းမံ ပြင်ဆင်နေတာဖြစ်ပြီး လာမယ့်နှစ်ကုန်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်ဖို့ မျှော်လင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up