A d v e r t i s e m e n t With Us

မှော်နာရီမြှုပ်ထားသည့် အိမ်အိုဟောင်းကြီး – The House with a Clock in Its Walls (နမူနာ)

မှော်ဆန်ဆန် ရိုက်ကွင်းရိုက်ကွက်တွေနဲ့ ဆန်းဆန်းပြားပြား ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား နှစ်သက်ကြတဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် The House with a Clock in Its Walls အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် စက်တင်ဘာ ၂၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Universal Pictures က တင်ဆက်လိုက်တာပါ။ Hollywood Fantasy Comedy Family ရုပ်ရှင်ကြိုက် ပရိသတ်တွေ နှစ်သက်ကြမယ့် ဒီရုပ်ရှင်ကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Eli Roth က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ၁၉၅၀ ပြည့်လွန်ကာလကို အခြေတည် ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာ မိဘမဲ့ ကလေးတယောက် ဖြစ်လာခဲ့တဲ့ ၁၀ နှစ်အရွယ် ကောင်လေး Lewis ဟာ ဦးလေးဖြစ်တဲ့ Jonathan နဲ့အတူ အိမ်အိုကြီးတလုံးထဲမှာ အတူနေရဖို့ ဖြစ်လာတယ်။ အဲဒီအိမ်ဟာ အရမ်းအိုဟောင်းနေပြီး အိမ်ထဲမှာတော့ ဘယ်သူမှမသိတဲ့ မှော်ဆန်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ်။ မူလအိမ်ရှင်ဇနီးမောင်နှံဟာ သူတို့မဆုံးခင်မှာ စွမ်းအားတချို့ရှိတဲ့ တိုင်ကပ်နာရီတလုံးကို အိမ်ရဲ့ နံရံတခုထဲမှာ မြှုပ်ထားခဲ့ကြတယ်။ ကောင်လေး Lewis ရောက်လာချိန်မှာ သူက အိမ်ကြီးထဲက ထူးခြားမှုတွေကို သတိထားမိလာတယ်။ ဦးလေးဖြစ်သူ Jonathan ကလည်း မှော်အတတ်တွေကို စိတ်ဝင်စားတဲ့သူ။ ဒီအချိန်မှာ အိမ်နီးချင်းမိတ်ဆွေဖြစ်တဲ့ စုန်းမ Florence နဲ့ ၃ ပွင့်ဆိုင် ဆုံကြချိန်မှာ ထူးဆန်းတဲ့ အိမ်ကြီးထဲမှာ မြှုပ်ထားတဲ့ နာရီကြောင့် ဘာတွေကြုံတွေ့ကြမလဲ။ ဘာတွေဆက်ဖြစ်ကြမလဲ။ မြှုပ်ထားတဲ့ နာရီကိုရော သူတို့ တွေ့သွားကြမလား ဆိုတာတွေကို မှော်ဆန်တဲ့ ဖမ်းစားမှုတွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ ၁၀ နှစ်သားကောင်လေး Lewis နေရာမှာတော့ အမေရိကန် ကလေးသရုပ်ဆောင် Owen Vaccaro, ဦးလေးဖြစ်သူ Jonathan နေရာမှာ အမေရိကန် သရုပ်ဆောင်မင်းသား Jack Black, အိမ်နီးချင်းမိတ်ဆွေ စုန်းမ Florence နေရာမှာတော့ ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီးရထားတဲ့ နာမည်ကြီး သြစတြေးလျ မင်းသမီးကြီး Cate Blanchett တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား ဒိုင်ယာလော့ဂ်တွေဟာ ကလေးတွေကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့ ကြည့်သင့်တဲ့ PG အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up