ဂျိမ့်ဖောကိစ္စ မြစ်ကြီးနားတွင် ရှင်းလင်း
DVB
·
September 18, 2018
ကချင်+ဂျိမ့်ဖော=ဂျိမ့်ဖောဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကချင်မျိုးနွယ်တွေရဲ့ ကိုယ်စားပြုကိုယ်စားလှယ် ၁၅ ဦးက နေပြည်တော်မှာရှိတဲ့ အဖွဲ့ ၆ ဖွဲ့ကို တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲ ဒီကနေ့ မြစ်ကြီးနားမြို့ မနောကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။
"ကချင်ဆိုတာ ဂျိမ့်ဖောတခုထဲ မဟုတ်ဘူး။ မျိုးနွယ်အားလုံးပါတယ်”လို့ တရားလွှတ်တော် ရှေ့နေ ဒေါ်ဒွဲဘူက ပြောပါတယ်။
မြန်မာနိုင်ငံ ကချင်ရိုးရာစာပေနဲ့ ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်ကတော့ ကချင်ထဲမှာပါတဲ့ မျိုးနွယ်တွေကို မျိုးနွယ်လို့သာ ရေးသားပြောဆိုဖို့နဲ့ မျိုးနွယ်စုဆိုပြီး မရေးဖို့မပြောဖို့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါ။
သတင်းစာရှင်းလင်းပွဲမှာ စက်တင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်အထိ နေပြည်တော်ကိုသွားရောက်ခဲ့တဲ့ ကချင်မျိုးနွယ်တွေရဲ့ ကိုယ်စားလှယ်တွေအပြင် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ဝင်တွေနဲ့ ကချင်လူငယ်တွေ ကချင်အရပ်ဖက်အဖွဲ့အစည်း ၅၀ ခန့်တက်ရောက်ခဲ့တာပါ။