ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ် ဖလားနှစ်ခုလုံး ရယူနိုင်စွမ်းရှိဟု ဆာလက် ပြော

924
ချန်ပီယံလိဂ်ဖလားရော ပရီးမီးယားလိဂ်ဖလားပါ ရယူနိုင်စွမ်းရှိတယ်လို့ လီဗာပူးတိုက်စစ်မှူး ဆာလက်က ပြောကြားလိုက်ပါတယ်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နောက်တခါရောက်အောင် လုပ်နိုင်တယ်လို့ ဆိုပါတယ်။
ဖလားနှစ်လုံးစလုံး ရယူနိုင်စွမ်းရှိပေမယ့် ဖိအားတခုလို သဘောမထားဘဲ ဖြစ်နိုင်တဲ့ အခြေအနေတခုလိုပဲ မှတ်ယူတယ်လို့ ဆာလက်က ဆိုပါတယ်။
လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ခဲ့ပြီး အခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ရာနှုန်းပြည့် နိုင်ပွဲရလဒ်နဲ့ ချဲလ်ဆီးအသင်းနဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
ဆာလက်က နည်းပြ ဂျာဂင်ကလော့ပ်ကိုလည်း ချီးကျူးပြောကြားခဲ့ပြီး မာနေ၊ ဖာမီနိုနဲ့ မိမိတို့ရဲ့ တိုက်စစ်အတွဲနဲ့ ပတ်သက်ပြီးလည်း စည်းလုံးညီညွတ်မှုရှိတယ်လို့ ဆာလက်က ပြောကြားခဲ့ပါတယ်။