A d v e r t i s e m e n t With Us

အမ်မီရုပ်သံထူးချွန်ဆုပေးပွဲတွင် “Game of Thrones” အကောင်းဆုံး ဒရမ်မာထူးချွန်ဆု ရ

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပတဲ့ အမ်မီရုပ်သံထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ "Game of Thrones" ရုပ်သံစီးရီးဟာ အကောင်းဆုံး ဒရမ်မာထူးချွန်ဆု ရခဲ့ပါတယ်။ ဒီရုပ်သံစီးရီးဟာ မနှစ်တုန်းက ချန်ပီယံ "The Handmaid's Tale" ကို အနိုင်ရပြီး အကောင်းဆုံး ရုပ်သံထူးချွန်ဆု ရခဲ့တာပါ။ "The Crown" ဒရာမာဇာတ်လမ်းတွဲအတွင်း အဲလိဇဘက်ဘုရင်မ နေရာက  သရုပ်ဆောင်ထားတဲ့ ကလယ်ရာဖွိုင်းဟာလည်း ထူးချွန်ဆု ရခဲ့ပါတယ်။ သရုပ်ဆောင် ဖွိုင်းက ဒီထူးချွန်ဆုကို မျှော်လင့်မထားခဲ့ဘူးလို့လည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် စစ်အေးခေတ်နောက်ခံ "The Americans" စီးရီးနဲ့ သရုပ်ဆောင် မတ်သရူးရိုင်းစ်ဟာလည်း ပထမဆုံးအကြိမ် အမ်မီ ရုပ်သံထူးချွန်ဆု ရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ "The Assassination of Gianni Versace" ဟာ Best Limited Series ထူးချွန်ဆုကို ရခဲ့ပါတယ်။ အဲဒီဇာတ်လမ်းတွဲမှာ ဆက်တိုက်လူသတ်သမားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဒါရင်းခရစ်ဟာလည်း ထူးချွန်ဆုရခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up