Home
မြန်မာသတင်း
မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်များ ကြည့်မြင်တိုင်တွင် ဖမ်းမိ
DVB
·
September 18, 2018
မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါးတွေပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ရန်ကုန်မြို့ ကြည့်မြင်တိုင်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၄ ရက် ၁၀ နာရီ ၄၅ မိနစ်က ကြည့်မြင်တိုင်မြို့နယ်၊ သီရိမင်္ဂလာ ဈေးဟောင်း၊ ကားရောင်းဝယ်ရေးဝင်း၊ (၄)လွှာ၊ အခန်း(C-4)ရှိ မအေးသီတာထွန်းနဲ့  မြင့်အောင်(ခ)တာကောတို့ရဲ့ တိုက်ခန်းကိုရှာဖွေရာက တွေ့ရှိတာလို့ ဆိုပါတယ်။ အဆိုပါတိုက်ခန်းမှာ  မူးယစ်ဆေးဝါးလို့ယူဆရတဲ့ အညိုရောင်အမှုန့် ၁၀ ဂရမ်(စိစစ်ဆဲ)၊ မွှေစက် ၂ လုံး၊ လက်လှည့် ကြိတ်စက်တစ်လုံးနဲ့ တခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့လို့ ဒေါ်ခင်သီတာ(၅၄)နှစ်နဲ့ ဖမ်းဆီးရမိခြင်းမရှိသေးတဲ့  မြင့်အောင် (ခ)တာကောနဲ့ မအေးသီတာ ထွန်းတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားတယ်လို့ ရဲသတင်းမှာဖော်ပြပါတယ်။ ဒီအမှုဟာ ရန်ကုန်စာတိုက်ကြီးမှာ မူးယစ်ဆေးဝါးမှုနဲ့   ဖမ်းဆီးထားတဲ့ ဒေါ်ခင်သီတာကို စုံစမ်းစစ်ဆေးစဉ် အမှုကွင်းဆက်လိုက်ရာကနေ  အဆိုပါ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ ထပ်ပြီး ဖမ်းမိခဲ့တာပါ။ စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက  ရန်ကုန် ဗဟိုစာတိုက်ကြီး၊ မြန်မာ့ စာတိုက်လုပ်ငန်း (ပြည်ပစာပို့လုပ်ငန်း)သို့ ဂျာမနီနိုင်ငံကနေ ပေးပို့လာတဲ့ စက္ကူဂျပ်ဖာထုပ် ရောက်ရှိနေပြီး စက္ကူဂျပ်ဖာထဲကနေ ECSTASY မူးယစ်ဆေးဝါး အလေးချိန် ၉ ဒသမ ၈ ကီလို တွေ့ရှိခဲ့လို့ ပါဆယ်လာရောက်ထုတ်ယူသူ ဒေါ်ခင်သီတာကို အမှုဖွင့်အရေးယူထားခဲ့တာပါ။ ဓာတ်ပုံ-ရဲဇာနည်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024