A d v e r t i s e m e n t With Us

အိန္ဒိယတွင် ရှားပါးလိပ်မျိုးစိတ် အကောင် ၅၀ ခန့်ကို ကယ်တင်

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အလီဂါမြို့မှာ မီးရထားရဲတွေဟာ ရှားပါးလိပ်မျိုးစိတ် အမျိုးမျိုးပါတဲ့ လိပ်ကောင်ရေ ၅၀ လောက်ကို စက်တင်ဘာ ၁၇ ရက်က ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဟောင်ဝါ-ကယ်လ်ကာ စာပို့ရထားနဲ့ ခရီးသွားတဲ့ ခရီးသည်တယောက်က ဒီလိပ်တွေကို တွေ့အပြီး အာဏာပိုင်တွေကို အကြောင်းကြားခဲ့တာပါ။ "ဘူတာကိုရောက်ချိန်မှာ လိပ်ကလေးတွေ ပြည့်နေတဲ့ ခြင်းတောင်းတခုကို တွေ့ခဲ့တယ်၊ အရင်က ပြတိုက်မှာသုံးခဲ့တဲ့ လိပ်တွေပေါ့၊ ရှားပါးလိပ်မျိုးစိတ်တွေဖြစ်ပြီး ငါးပြတိုက်မှာသုံးတဲ့ လိပ်တွေပါ" လို့ ကယ်ဆယ်သူက ပြောပါတယ်။ အာဏာပိုင်တွေက လိပ်တွေကို ကယ်ခဲ့ပြီး သစ်တောဌာနကို လွှဲမပေးခင် ဘေးကင်းအောင် သိမ်းထားခဲ့တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။ တချို့မျိုးစိတ်တွေက တရားဝင် ကုန်သွယ်ခွင့် ရှိပေမယ့် ကြယ်လိပ်ကတော့ အိန္ဒိယ သားရိုင်းဥပဒေအောက်မှာ ကာကွယ်ထားတဲ့ မျိုးစိတ်ပါ။ ဒီလိပ်တွေကို သယ်ဆောင်ကုန်ကူးတာ တရားမဝင်ဘဲ အပြစ်ရှိကြောင်း တွေ့ခဲ့ရင် ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ် ကျခံရနိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up