ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ အခမ်းအနား ရန်ကုန်တက္ကသိုလ်တွင် ကျင်းပ (ဓာတ်ပုံ)
ထွန်းထွန်းသိန်း
·
September 18, 2018
ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ အခမ်းအနားကို မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များ အသင်းရဲ့ စီစဉ်မှုနဲ့ ရန်ကုန်တက္ကသိုလ်စိန်ရတုခမ်းမမှာ စက်တင်ဘာ ၁၈ ရက်က ကျင်းပနေပါတယ်။
မြန်မာနိုင်ငံမှာ ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ အခမ်းအနားကို ၂၀၁၆ ခုနှစ်က စတင်ကျင်းပခဲ့ပြီး အခုအကြိမ်ဟာ ၃ ကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ ပြီးရင် သဘာဝ ဝါးတောတွေကို အများဆုံး ပိုင်ဆိုင်ထားပါတယ်။
ဒါပေမယ့် ဝါးနဲ့ပတ်သက်တဲ့နည်းပညာတွေ နောက်ကျကျန်နေဆဲပဲလို့ ဝါးသုတေသီ တွေက ပြောပါတယ်။