ဆောက်သမ်တန် ၂ – ၂ ဘရိုက်တန် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၅ လက်ကျန်ပွဲစဉ်အဖြစ် ဆောက်သမ်တန်နဲ့ ဘရိုက်တန်တို့ မနေ့ညကယှဉ်ပြိုင်ရာ တဖက် ၂ ဂိုးစီ သရေကျသွားပါတယ်။ အလယ်အလတ် အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ အမှတ်မဆုံးရှုံးစေရေး နှစ်သင်းစလုံး အားထုတ်ကစားခဲ့ပြီး ဂိုးအပြန်အလှန် သွင်းခဲ့ကြတဲ့အတွက် ပွဲက ကြည့်ကောင်းခဲ့ပါတယ်။ အိမ်ရှင် ဆောက်သမ်တန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်မှာပါ အနည်းငယ် အသာရခဲ့သလို နှစ်ဂိုးသွင်းပြီး ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာပါ။ ဆောက်သမ်တန်အတွက် ပွဲချိန် ၃၅ မိနစ်မှာ Højbjerg က တဂိုးနဲ့ ၆၅ မိနစ်မှာ ပယ်နယ်တီကတဆင့် တိုက်စစ်မှူး ဒန်နီအင့်စ်တို့က သွင်းယူပေးခဲ့ပါတယ်။ ဘရိုက်တန်အတွက် ချေပဂိုးတွေကိုတော့ ၆၇ မိနစ်မှာ ရှိန်းဒပ်ဖီနဲ့ ပွဲပြီးကာနီးမှာ ဂလန်း မာရေးက ပယ်နယ်တီကတဆင့် ချေပဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ ဆောက်သမ်တန်က အဆင့် ၁၃ နေရာ၊ ဘရိုက်တန်က အဆင့် ၁၄ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up