A d v e r t i s e m e n t With Us

ဥရောပအကောင်းဆုံး အသင်းအဖြစ် ပြသရန် လိုအပ်ဟု လီဗာပူးနောက်ခံလူ ပြော

ပွဲကျပ်တွေ ဆက်တိုက်ကစားရတဲ့အချိန်မှာ ဥရောပရဲ့ အကောင်းဆုံး အသင်းတသင်းအဖြစ် ပြသဖို့ လိုအပ်တယ်လို့ လီဗာပူးနောက်ခံလူ အလက်ဇန္ဒားအာနိုးက ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ စပါးနဲ့ ပထမဆုံး ပွဲကျပ်ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ နာပိုလီ၊ မန်စီးတီး စတဲ့အသင်းတွေနဲ့ ဆက်တိုက်ကစားရဖို့ ရှိနေတာပါ။ ဒီလို ကမ္ဘာ့အဆင့်ရှိ အသင်းတွေနဲ့ ဆက်တိုက်ကစားရတာဟာ ခက်ခဲမှာဖြစ်ပေမယ့် မိမိတို့အသင်းအနေနဲ့ ဥရောပအကောင်းဆုံး အသင်းတသင်း ဖြစ်တယ်ဆိုတာ ပြသဖို့လိုတယ်လို့ အာနိုးက ပြောပါတယ်။ ညာနောက်ခံလူ အာနိုးဟာ လီဗာပူးအသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး အခုနှစ် ပရီးမီးယားလိဂ် ၅ ပွဲစလုံးမှာလည်း ပွဲထွက်ခွင့်ရခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up