ပါလက်စတိုင်းတဦးက အစ္စရေးတဦးကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား

ဓာတ်ပုံ - Reuters
အစ္စရေးရဲ့ အသိမ်းပိုက်ခံ အနောက်ဘက်ကမ်းပါးမှာ စက်တင်ဘာ ၁၆ ရက်က ပါလက်စတိုင်းတဦးက အစ္စရေးတဦးကို ဓားနဲ့ အသေထိုးသတ်မှု ဖြစ်ပွားခဲ့တယ်လို့ အစ္စရေးရဲနဲ့ ဆေးဘက်အရာရှိတွေက ပြောပါတယ်။ ဓားနဲ့ထိုးသတ်ခဲ့သူကို လက်နက်ကိုင်အရပ်သားက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာတဲ့အထိ လုံခြုံရေးတပ်တွေက ဒဏ်ရာရသူကို ထိန်းသိမ်းထားခဲ့ပါတယ်။ ဓားနဲ့ထိုးခဲ့သူဟာ အနောက်ဘက်ကမ်းပါးရွာက အသက် ၁၇ နှစ်အရွယ် လူငယ်တဦးဖြစ်တယ်လို့ ရဲပြောခွင့်ရက ဆိုပါတယ်။ အနီးအနားရှိ ဖန်နံရံမှာ ကျည်ဆန်ပေါက်တွေ တွေ့ရပြီး ထိုးသတ်ရာမှာသုံးတဲ့ ဓားနဲ့ သွေးစွန်းအဝတ်တွေ မြေမှာ ပြန့်ကျဲနေပါတယ်။ ဓားနဲ့အထိုးခံရတဲ့ အသက် ၄၅ နှစ်အရွယ် ဒဏ်ရာရ အစ္စရေးဟာ ဆေးရုံရောက်ချိန်မှာ သေဆုံးပြီးပြီလို့ ဆေးရုံက ပြောပါတယ်။ သေဆုံးသူဟာ အမေရိကန်မှာမွေးတဲ့ ဂျူးအခြေချ နေထိုင်သူဖြစ်ပြီး သူ့ဈာပနကို ရာနဲ့ချီတဲ့ လူတွေ တက်ရောက်ခဲ့ကြပါတယ်။ အစ္စရေးနိုင်ငံအတွင်း ၂၀၁၅ ခုနှစ်ကတည်းက အစ္စရေးတွေကို ပါလက်စတိုင်းတွေက လမ်းပေါ်မှာ တိုက်ခိုက်တာ ပိုများလာတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up