ကေအန်ယူနှင့် တပ်မတော်တိုက်ပွဲဖြစ်သည့်ကိစ္စ အပစ်ရပ်ပူးတွဲစောင့်ကြည့်အဖွဲ့ ညှိနှိုင်းပေးနေ

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း တပ်မတော်နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ JMC ကော်မတီရဲ့ အရပ်သားကိုယ်စားလှယ်တွေက ကေအန်ယူ ဌာနချုပ်ထိသွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးရ်က “တပ်မဟာ ၅ ကိစ္စနဲ့ ပတ်သက်ပြီးတော့ JMC-S (ပြည်နယ်အဆင့်)မှာ တော်တော်လေး ဆွေးနွေးထား တယ်။ ဒီတစ်ခေါက် ဒီမှာကတော့ တပ်မဟာ(၅) ကိစ္စနဲ့ တင်ပြချက်တွေမရှိဘူး။ ဒါပေမဲ့ အဲ့ဒီမှာ လမ်းဖောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ လူထုတွေကို နားလည်အောင် ရှင်းပြမယ်ဟာဆိုတာကိုတော့ ကျနော်တို့ လုပ်ထားတာ ရှိပါတယ်” လို့ပြောပါတယ်။
ကေအန်ယူအနေနဲ့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းပြီးပြန်လည် အကြောင်းကြားမယ်လို့ ပြောကြားခဲ့ပြီး ကေအန်ယူရဲ့ ပြန်ကြားချက်ပေါ်မူတည်ပြီး ဆက်လက်ညှိနှိုင်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ကေအန်ယူ၊ တပ်မဟာ ၅ နယ်မြေထဲမှာ ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်ကနေ တပ်မတော်နဲ့ ထိတွေ့ပစ်ခတ်မှုတွေ တကျော့ပြန်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၈ ရက်အထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံးဟာ တစ်နိုင်ငံလုံးပတ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး ကေအန်ယူ လက်အောက်ခံ တပ်တချို့နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။