A d v e r t i s e m e n t With Us

ရာဘာလှေစီး ရွှေ့ပြောင်းနေထိုင်သူ ၄၅၈ ယောက်ကို စပိန်တပ် ဟန့်တား

မြေထဲပင်လယ်ထဲမှာ လေမှုတ်ရာဘာလှေတွေစီးပြီး ဥရောပကိုရောက်ဖို့ ကြိုးစားနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄၅၈ ယောက်ကို စပိန်နိုင်ငံ ကမ်းရိုးတန်းစောင့်တပ်က စက်တင်ဘာ ၁၅ ရက်နေ့မှာ ကြားဖြတ်ဟန့်တားလိုက်တယ်လို့ စပိန်ပင်လယ်ပြင်ကယ်ဆယ်ရေး ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။ ကယ်ဆယ်ရေးဌာနက စက်တင်ဘာ ၁၆ ရက် ထုတ်ပြန်တဲ့ ရုပ်သံထဲမှာ ရေထဲ တဝက်မြုပ်နေတဲ့ ရာဘာလှေပေါ်က ရွှေ့ပြောင်းနေထိုင်သူ အယောက် ၆၀ ကို ကယ်ဆယ်နေတာ တွေ့ရတာပါ။ စပိန်တောင်ပိုင်း ကမ်းရိုးတန်းဟာ ပိုကောင်းတဲ့ဘဝကို ရှာနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ဥရောပကိုသွားရာ အဓိကဝင်ပေါက် ဖြစ်လာနေပါတယ်။ အီတလီအစိုးရသစ်က ကယ်ဆယ်ရေးလှေတွေကို လက်ခံဖို့ ငြင်းအပြီး စပိန်ဘက်ကို ဦးတည်လာခဲ့ကြတာပါ။ သြဂုတ်လကုန်ပိုင်းမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း အယောက် ၃၃၀၀၀ ကျော် စပိန်နိုင်ငံထဲ ရောက်လာခဲ့ကြပြီးပြီလို့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပြီး ဒါဟာ မနှစ်က ခုလိုအချိန်မှာ ဝင်လာတဲ့ လူအရေအတွက်ရဲ့ ၂ ဆလို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up