A d v e r t i s e m e n t With Us

တိုက်စစ်မှူး အီဘရာဟီမိုဗစ် သွင်းဂိုး ၅၀၀ ပြည့်

အမေရိကန် မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်စီအသင်းက ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ တိုရန်တိုအသင်းနဲ့ စက်တင်ဘာ ၁၅ ရက်နေ့ ကစားခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး ၅၀၀ ပြည့်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ အယ်လ်အေဂလက်စီအသင်းက တိုရန်တိုကို ၅ ဂိုး ၃ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ ဆွီဒင်လက်ရွေးစင်ဟောင်း တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ၄၃ မိနစ်မှာ အယ်လ်အေဂလက်စီအတွက် ၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ မေဂျာလိဂ်ကလပ် ဂလက်စီက သူတို့တိုက်စစ်မှူးရဲ့ ဂိုးပေါင်း ၅၀၀ ပြည့်တဲ့အတွက် ဂုဏ်ပြုတာတွေ လုပ်ခဲ့ပါတယ်။ သူ့ကစားသမားသက်တမ်းတလျှောက် ကစားတဲ့ ကလပ်တွေမှာ သွင်းတဲ့ဂိုးတွေကို သရုပ်ဖော်ပြီး ပြသခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up