A d v e r t i s e m e n t With Us

ရော်နယ်ဒို ဂျူဗင်တပ်အတွက် ပထမဆုံးဂိုးသွင်းယူ (ရုပ်သံဟိုက်လိုက်)

တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုဟာ ဂျုဗင်တပ်အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ မနေ့ညက ဆာဆူအိုလိုနဲ့ ယှဉ်ပြိုင်တဲ့ စီးရီးအေပွဲစဉ်မှာ ဂျုဗင်တပ်အတွက် ၂ ဂိုးလုံးကို ရော်နယ်ဒိုက သွင်းယူခဲ့တာပါ။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၅ ကြိမ်ရထားတဲ့ ရော်နယ်ဒိုဟာ ၄ ပွဲမြောက်မှာ ဂိုးသွင်းယူနိုင်တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုးကို ရော်နယ်ဒိုက မိနစ် ၅၀ နဲ့ ဒုတိယဂိုးကို ၆၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ သွင်းယူပါတယ်။ ဒီပွဲမှာ ရော်နယ်ဒို အခွင့်အရေး ၂ ကြိမ် ထပ်ရပေမယ့် အသုံးမချနိုင်လို့ ဟက်ထရစ်ဂိုးနဲ့ လွဲခဲ့ရတာပါ။ ဆာဆူအိုလိုအတွက် ချေပဂိုးကို မိနစ် ၉၀ မှာ ဘာဘာကာက သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ဂျုဗင်တပ်က ၁၂ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဆာဆူအိုလိုက ၇ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up