Home
မြန်မာသတင်း
တပ်​သိမ်း​မြေယာများ ပြန်​လည်​ရရှိ​ရေး​ ကျောက်​​တော်​တွင် ​​တောင်​သူများ ဆန္ဒပြ
DVB
·
September 16, 2018
ရခိုင်​ပြည်​နယ်​ ​ကျောက်​​တော်​မြို့နယ်​မှာ တပ်​က သိမ်းဆည်းထားတဲ့ လယ်​ယာ​မြေ​တွေ ပြန်​လည်​ရရှိဖို့ ​ကျောက်​​တော်​မှာ ဒီက​နေ့ ​နေ့လယ်​ပိုင်းက ​တောင်​သူ ၁၀၀ ကျော်​ ဆန္ဒထုတ်​​ဖော်​ခဲ့ကြပါတယ်​။ ​တောင်​သူလယ်​သမား​ ၁၀၃ ဦးဆီကနေ လယ်​ယာ​မြေ​တွေ ၁၃၁၆ ဒသမ ၈၆ ဧကကို  စကခ (၉) နဲ့ ခမရ (၃၇၄) တို့က ၁၉၉၄ က​နေ ၁၉၉၉ နှစ်​​တွေတုန်းက သိမ်းဆည်းယူခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။ လယ်​ဧက ၁၃၁၆ ဒသမ ၈၆ဧကကို ​ကျောက်​​တော်​မြို့နယ်​ လမ်းမ​တော်​၊ ​ညောင်​ပင်​လှ​၊ ပိန္နဲ​ချောင်း​​ကျေးရွာ​တောင်​သူ​တွေဆီက သိမ်းဆည်းယူခဲ့တာလည်းဖြစ်​ပါတယ်​။ ဒီသိမ်းဆည်းခံလယ်​ယာ​မြေ​တွေနဲ့ပတ်​သက်​လို့ သြဂုတ်​ ၂၉ ရက်​​နေ့က အမျိုးသား လွှတ်​​တော်​အစည်းအ​ဝေးမှာ ကာကွယ်​​ရေးဝန်​ကြီးဌာနကဒုတိယဝန်​ကြီး ဗိုလ်ချုပ်မြင့်​​နွယ်​က သိမ်းဆည်း​မြေ​တွေအတွက်​ လျော်​​ကြေး​​ငွေ​တွေ ပေး​လျော်​ပြီးဖြစ်​တာ​ကြောင့် ​လျော်​​ကြေး​ငွေ​ ပေး​လျော်​နိုင်​ခြင်းမရှိပါ​ကြောင်း​ ဖြေကြားခဲ့ပါတယ်​။ သိမ်းဆည်းခံ​တောင်​သူ​တွေက​တော့ အခုအချိန်​အထိ ဒီ​လယ်​ယာ​မြေ​တွေနဲ့ပတ်​သက်​လို့ ​လျှော်​​ကြေး​ငွေတစုံတရာလက်​ခံရရှိတာ မရှိဘဲ တပ်​က​နေ တခြားသူ​တွေကို အကျိုးတူ ငှားရမ်း​ထားတယ်​လို့ ​​ပြောပါတယ်​။ လယ်​ယာ​မြေ​တွေနဲ့ပတ်​သက်​လို့ ​တောင်​သူ​တွေ လက်​မှတ်​​ရေးထိုးခဲ့တယ်ဆိုတာကလည်း လယ်​ယာ​မြေ​လျှော်​​ကြေးရရှိ​ရေးအတွက်​ လက်​မှတ်​​ရေးထိုးခဲ့တာဖြစ်​​ကြောင်း ​တောင်​သူ​တွေက ရှင်းပြပါတယ်​။ ၀ဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024