ဖိလစ်ပိုင်တွင် မုန်တိုင်းကြောင့် သေဆုံးသူ ၂၅ ဦးထိ ရှိပြီ

1.4K
ဖီလစ်ပိုင်နိုင်ငံကို စက်တင်ဘာလ ၁၅ ရက်နေ့က တိုင်ဖွန်းမုန်တိုင်း မင်းကွတ် ဝင်ရောက် တိုက်ခတ်ခဲ့မှုကြောင့် သေဆုံးသူ အနည်းဆုံး ၂၅ ဦး အထိရှိပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
မုန်တိုင်းကြောင့် ဖိလစ်ပိုင်မြောက်ပိုင်းက ဘာဂီယိုမြို့မှာ ရေတွေ မြန်မြန်ဆန်ဆန် တက်လာကို တွေ့နေရတာပါ။
ဖီလစ်ပိုင် ကြက်ခြေနီတပ်ဖွဲ့ဝင်တွေဟာ ပန်ဂါစီယံမြို့မှာ ရေကြီးမှုအတွင်း ပိတ်မိနေတဲ့ မိခင်တဦးနဲ့ သူ့ကလေးတို့ကို ကယ်ဆယ်နေကြပါတယ်။
တိုင်ဖွန်းမုန်တိုင်း မင်းကွတ်ဟာ တောင်တရုတ်ပင်လယ်ထဲကို အင်အားပြင်းလာခဲ့ပြီး စူပါတိုင်ဖွန်းအဖြစ် ဟောင်ကောင်နဲ့ တရုတ်ကမ်းရိုးတန်းဒေသတွေဆီ ဦးတည်ရွေ့လျား နေပါတယ်။
မင်းကွတ်ဟာ အခုနှစ်အတွင်း ဒေသတွင်းမှာ ပေါ်ပေါက်တဲ့ တိုင်ဖွန်းမုန်တိုင်းတွေထဲ အင်အားအကြီးဆုံးအဖြစ် ယူဆခံထားရပြီး လေတိုက်နှုန်းဟာ ၁ နာရီကို ၁၂၅ မိုင်နှုန်းအထိ ရှိတယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။