ကယ်ရိုလိုင်းနားတွင် မုန်တိုင်းကြောင့် သေဆုံးသူ ၈ ဦးထိရှိ

Residents help an elderly man evacuate a flooding trailer community during Hurricane Florence in Lumberton, North Carolina, U.S. September 15, 2018. REUTERS/Randall Hill
673
တိုင်ဖွန်းမုန်တိုင်း ဖလောရင့်စ်ဟာ တောင်နဲ့မြောက် ကယ်ရိုလိုင်းနားပြည်နယ်တွေကို စက်တင်ဘာလ ၁၅ ရက်မှာ ဝင်ရောက်တိုက်ခဲ့လို့ သေဆုံးသူ အနည်းဆုံး ၈ ဦးအထိ ရှိလာပါတယ်။
မုန်တိုင်းကြောင့် ဆိုးဆိုးရွားရွားရေကြီးနေပြီး အိမ်နဲ့စီးပွားရေးလုပ်ငန်း ၉ သိန်းနီးပါး လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။
ရေတွေ မြန်မြန်ဆန်ဆန်တက်လာနေလို့ ရေမြုပ်အိမ်တွေမှာ သောင်တင်နေသူတွေကို လှေတွေ၊ ရဟတ်ယာဉ်တွေသုံးပြီး ကယ်ဆယ်နေရပါတယ်။
ဒါ့ပြင် လူသောင်းချီလည်း ဘေးကင်းရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။ ပြည်နယ်တွေထဲက လမ်းတော်တော်များများကို ပိတ်ထားပြီး မြေပြိုမှုအန္တရာယ်ကို အာဏာပိုင်တွေက သတိပေးထားပါတယ်။
ဒါ့ပြင် အထက်ပိုင်းမှာ ရေကြီးနေတာကြောင့် ကိတ်ဖီးယားမြစ်ရေ မြန်မြန်ဆန်ဆန် မြင့်တက်လာနိုင်ပြီး ရေကြီးလာနိုင်တယ်လို့ ခမ်းဘားလန့် စီရင်စုနယ် မဟာမင်းကြီး ဂျင်မီနဖီး က ပြောထားပါတယ်။
လူပေါင်း ၂ သိန်း ၁ သောင်းနီးပါး နေထိုင်တဲ့ ဖေးယက်ဗေးလ်မြို့မှာတော့ ရေကြီးနိုင်လို့ ကိတ်ဖီးယားမြစ်နားမှာ နေထိုင်သူထောင်ချီကို ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်ဖို့ အာဏာပိုင်တွေက အသိပေးထားပါတယ်။