လီဗာပူးအသင်းအပေါ် ဂယ်ရီနဗီးလ်၏ သုံးသပ်ချက် ဂျာဂျင်ကလော့ပ် တုံ့ပြန်

ရုံးခန်းထဲမှာ ထိုင်နေပြီးတော့ ဘောလုံးအကြောင်းပြောနေတာဟာ တကယ့်အပြင်မှာ အလုပ်လုပ်နေရတာနဲ့ မတူညီဘူးလို့ လီဗာပူးနည်းပြ ဂျာဂျင်ကလော့ပ်က ဂယ်ရီနဗီးလ်ကို တုံ့ပြန်ပြောကြားလိုက်ပါတယ်။ ဂယ်ရီနဗီးလ်က လီဗာပူးအနေနဲ့ ချန်ပီယံဖြစ်ဖို့ဆိုရင် တကယ့်ချန်ပီယံ ခြေစွမ်းရှိတဲ့ အသင်းတွေနဲ့ ကစားဖို့လိုအပ်ပြီးတော့ လိဂ်ပြိုင်ပွဲတခုကိုပဲ အာရုံစိုက်သင့်တယ်လို့ သုံးသပ် ပြောကြားခဲ့တာပါ။ ဒီလိုပြောကြားချက်နဲ့ ပတ်သက်လို့ ကလော့ပ်ကတကယ့်ကို ရူးသွပ်တဲ့ အတွေးဖြစ်ပြီးတော့ သူတို့အနေနဲ့ ကစားတဲ့ ပြိုင်ပွဲတိုင်းကို ကြည့်နေတဲ့သူအများကြီး ရှိပြီးတော့  ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံးကြိုးစားကြောင်း ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် စတင်ချိန်ကတည်းက အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်ကစားနေပြီးတော့ ရာနှုန်းပြည့် နိုင်ပွဲရရှိထားတဲ့ အသင်းတသင်းလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up