A d v e r t i s e m e n t With Us

ဖိလစ်ပိုင်တွင် မုန်တိုင်းဝင်ရောက်မှုကြောင့် ရေကြီးမြေပြိုမှုများ ဖြစ်ပွား

စက်တင်ဘာလ ၁၅ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို အားပြင်းတဲ့ တိုက်ဖွန်းမုန်တိုင်း မောင်းဂွတ်ဝင်ရောက်ခဲ့တာကြောင့် လူ ၃ ဦးသေဆုံးပြီး ရေကြီး မြေပြိုတာတွေနဲ့ လျှပ်စစ်မီး ပြတ်တောက်တာတွေ ဖြစ်ခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာလည်း ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။ တိုက်ဖွန်းမောင်းဂွတ်ဟာ လေတိုက်နှုန်း ၁ နာရီ မိုင် ၁၉ဝ အထိ တိုက်ခတ်ခဲ့ပြီးနောက် အရှိန်လျှော့သွားကာ တရုတ်ပြည်တောင်ပိုင်းနဲ့ ဗီယက်နမ်ကို ဦးတည် ရွေ့လျားနေတယ်လို့ သိရပါတယ်။ မုန်တိုင်းထွက်ခွာခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံမှာ ရေကြီးတာ၊ သီးနှံစိုက်ခင်းနဲ့ အဆောက်ဦး  ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up