Home
မြန်မာသတင်း
မြန်မာ့စီးပွားရေးဘဏ်ကို လုပ်ငန်းရှင်များ ပြန်မဆပ်သည့်ငွေ ကျပ်သန်းပေါင်း ၂ သိန်းကျော်ရှိ
ပိုင်စိုး
·
September 15, 2018
မြန်မာ့စီးပွားရေးဘဏ်က ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ငွေချေးထားပြီး အရင်းရော အတိုးပါ မဆပ်ဘဲထားတာ ကျပ်သန်းပေါင်း ၂ သိန်းကျော်ရှိတယ်လို့ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က ပြောပါတယ်။ ရန်ကုန်တိုင်း စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက စက်တင်ဘာ ၁၄ ရက် ရန်ကုန်တိုင်းလွှတ်တော်မှာ ၂ဝ၁၆-၂၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ရှင်းလင်းတင်ပြခဲ့တာပါ။ ရန်ကုန်က စီးပွားရေးလုပ်ငန်းရှင် ၂၃ ယောက်ကို မြန်မာ့စီးပွားရေး ဘဏ်ခွဲတွေက ငွေချေးပေးထားပြီး အရင်းရော အတိုးပါ မဆပ်ကြတာလို့ ဆိုပါတယ်။ ဘဏ်ခွဲ ၃ မှာ လုပ်ငန်းရှင် ၆ ယောက်က ကျပ်သန်းပေါင်း ၅၅၁၁၄ ကျော်၊ ဘဏ်ခွဲ ၄ မှာ လုပ်ငန်းရှင် ၁၇ ယောက်က ၁၇၆၇၀၁ ကျော် ပေးဖို့ ကျန်နေတာပါ။ ဘဏ်ခွဲ ၃ ကတော့ လုပ်ငန်းရှင် ၆ ယောက်ကို Non Performance Loan အဖြစ်သတ်မှတ်ပြီး တချို့ကို တရားစွဲထားတယ်လို့ ဆိုပါတယ်။ ဘဏ်ခွဲ ၄ ကတော့ လုပ်ငန်းရှင်တွေကို ဆိုင်းငံ့ကာလပေးထားပြီး ငွေချေးထားသူ တယောက်ရဲ့ အပေါင်ပစ္စည်းကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်က ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း ၁၄၃၇၅၀ နဲ့ လေလံတင်ရောင်းချခဲ့ပေမယ့် ဝယ်မယ့်သူမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်က လုပ်ခွင့်ရတဲ့ လုပ်ငန်းကို ပေါင်ပြီး ငွေချေးထားပေမယ့် အာမခံလုပ်နိုင်မယ့် ခိုင်မာလုံလောက်တဲ့ အထောက်အထားတွေ မရှိဘဲ ဌာနအကြီးအကဲက သက်သေခံ လက်မှတ်ထိုးထားတာကို တွေ့ရတယ်လို့လည်း စာရင်းစစ်ချုပ်က အစီရင်ခံထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024