Home
မြန်မာသတင်း
သိန်း ၂ သောင်းဖြင့် မီးပွိုင့်လုပ်နေသည့်ကုမ္ပဏီ ၂ နှစ်ကြာသည့်တိုင်မပြီး၊ ဒဏ်ကြေး မပေးတော့ဟုဆို
ပိုင်စိုး
·
September 15, 2018
ကျပ်သိန်းပေါင်း ၂ သောင်းလောက်ရယူပြီး ရန်ကုန်က မီးပွိုင့်စနစ်နဲ့ ထိန်းချုပ်စင်တာ တည်ဆောက်နေတဲ့ ကုမ္ပဏီဟာ သတ်မှတ်ကာလထက် ၂ နှစ်ကျော်ကြာနေပေမယ့် မပြီးသေး တဲ့အပြင် ဒဏ်ကြေးကိုလည်း မပေးတော့ဘူးလို့ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က ဆိုပါတယ်။ ရန်ကုန်တိုင်း စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက စက်တင်ဘာ ၁၄ ရက် ရန်ကုန်တိုင်းလွှတ်တော်မှာ ၂ဝ၁၆-၂၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ရှင်းလင်းတင်ပြခဲ့တာပါ။ ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့တာတွေ ရှင်းလင်းစေဖို့ ခေတ်မီမီးပွိုင့် ၁၅၀ ကျော်နဲ့ ထိန်းချုပ်ရေးစင်တာ ဆောက်ဖို့အတွက် ၂၀၁၅- ၁၆ ဘဏ္ဍာနှစ်က မြန်မာရွှေယင် ကုမ္ပဏီနဲ့ တရုတ် ကုမ္ပဏီတခုတို့က ငွေကျပ်သိန်းပေါင်း ၁၈၉၃၈ နဲ့ တင်ဒါအောင်မြင်ခဲ့တာပါ။ ဒီစီမံကိန်းကို ၂၀၁၆ ခုနှစ် သြဂုတ်လမှာ အပြီးဆောင်ရွက်ဖို့ စာချုပ်မှာ ပါခဲ့ပေမယ့် မပြီးလို့ တရက်ကို ဒဏ်ကြေး ၁ သိန်းနဲ့ ပေးပြီး ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခု ၂ နှစ်ကျော်ကြာတဲ့အထိ ဒဏ်ကြေးက ရက်ပေါင်း ၂၁၀ စာ သိန်း ၂၁၀ ကိုပဲပေးပြီး ဆက်ပေးထားတာ မရှိတဲ့အပြင် လုပ်ငန်းလည်း မပြီးသေးဘူးလို့ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က အစီရင်ခံပါတယ်။ ဒီကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်တို့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ တွေ့ခဲ့ကြပါတယ်။ ဒီတွေ့ဆုံရာမှာ စီမံကိန်းကို လာမယ့် အောက်တိုဘာမှ အပြီးဆောင်ရွက်ဖို့ ကုမ္ပဏီဘက်က ကတိပေးခဲ့တယ်လို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့သူတယောက်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024