Home
မြန်မာသတင်း
ကမ္ဘာ့သန့်ရှင်းရေးနေ့ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ
DVB
·
September 15, 2018
ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့သန့်ရှင်းရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်မှာရှိတဲ့ နာက်ဖေးလမ်းကြားဥယျာဉ်မှာ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူအားလုံး ပူးပေါင်းပါဝင်မှုရှိမှ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တခု ဖန်တီးနိုင်မယ်ဆိုတဲ့ အသိကို ပြည်သူတွေ သိရှိစေဖို့အတွက် အခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီအခမ်းအနားကို ဒို့အိမ်၊ သန့်မြန်မာအဖွဲ့၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ရပ်ကွက်နေပြည်သူတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ စုပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာသန့်ရှင်းရေးနေ့ အထိမ်းအမှတ်အနေနဲ့ အမှိုက်စနစ်တကျ စွန့်ပစ်ရေး အသိပညာပေးလှုပ်ရှားမှုတွေ၊ ပလတ်စတစ် အသုံးပြုမှု လျှော့ချရေးဆိုင်ရာ ပညာပေးမှုတွေနဲ့ အမှိုက်ကောက်တာတွေကို စုပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ဒါ့အပြင် ဒီလှုပ်ရှားမှုမှာ သရုပ်ဆောင် အေးဝတ်ရည်သောင်းလည်း ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ သတင်းဓာတ်ပုံ - ဆုဆုသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024