A d v e r t i s e m e n t With Us

ရုပ်ရှင်ကုမ္ပဏီများမှ ခိုးလာသည့် ဒေါ်လာ ၃ သန်းတန်ဖိုးရှိ ပစ္စည်းများ ဖမ်းမိ

ဟောလိဝုဒ် ရုပ်ရှင်ကုမ္ပဏီတွေကနေ ခိုးယူလာတဲ့ အမေရိကန်ဒေါ်လာ ၃ သန်း တန်ဖိုးရှိ ရုပ်ရှင်ရိုက်ကူးရေး ပစ္စည်းတွေကို အာဂျင်တီးနား ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၄ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ အမေရိကန်နိုင်ငံက ရုပ်ရှင်ရိုက်ကူးရေးပစ္စည်းတွေ အာဂျင်တီးနားကို မှောင်ခိုထုတ်တဲ့ ရာဇဝတ်ဂိုဏ်းတခုကို အာဂျင်တီးနား ရဲတပ်ဖွဲ့က ဖြိုခွင်းရင်း ဖမ်းဆီးရမိခဲ့တာပါ။ ရဲတပ်ဖွဲ့အဆိုအရ မှောင်ခိုသမားတွေဟာ  အဲဒီ ခိုးယူလာတဲ့ ရိုက်ကူးရေး ပစ္စည်းတွေကို ဒေသခံကုမ္ပဏီတွေကို ပြန်လည်ရောင်းချမယ်လို့ သိရပါတယ်။ အပြန်အလှန်အနေနဲ့  ဒေသခံကုမ္ပဏီတွေက အဲဒီခိုးရာပါ ပစ္စည်းတွေကို   အာဂျင်တီးနားမှာရှိတဲ့ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေထံ အငှားချမှာ ဖြစ်ပါတယ်။ အခုလို ရုပ်ရှင်ရိုက်ကူးရေး ပစ္စည်းတွေကို ခိုးယူပြိး မှောင်ခိုတင်သွင်းတဲ့ ရာဇဝတ်မှုမှာ ပါဝင်ပတ်သက်သူတွေကို အာဂျင်တီးနား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up