A d v e r t i s e m e n t With Us

အိတဲလ်မြို့တွင် အာဖရိက၀က်တုပ်ကွေးရောဂါ ဖြစ်ပွား

epa06645991 Pigs that are ready for market at a large farm in northern Iowa, USA, 04 April 2018. China has proposed tariffs on US pork and other imports in retaliation for US tariffs on Chinese steel and aluminum. EPA-EFE/CRAIG LASSIG
လူဇင်ဘတ်နိုင်ငံနဲ့ နယ်စပ်နားက အိတဲလ်မြို့မှာ အာဖရိကဝက်တုပ်ကွေး ရောဂါဖြစ်ပြီး သေဆုံးသွားတဲ့ တောဝက် ၂ ကောင်ကို စက်တင်ဘာလ ၁၄ ရက်မှာ တွေ့ခဲ့ရတယ်လို့ ဘယ်လ်ဂျီယံအာဏာ ပိုင်တွေက အတည်ပြုပါတယ်။ ဒီဗိုင်းရက်စ်ဟာ လူသားတွေအတွက် ခြိမ်းခြောက်မှုမရှိပေမယ့် ဝက်မွေးခြံတွေအတွက် စိုးရိမ်ရတယ်လို့ ဘယ်လ်ဂျီယံအာဏာပိုင်တွေက ပြောပါတယ်။ ဥရောပအနောက်ပိုင်းဟာ ဝက်မွေးမြူရေးကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေပြီး အီးယူဟာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ဝက်သားထုတ်လုပ်သူဖြစ်ပါတယ်။ ကူးစက်လွယ်ပြီး သုတ်သင်ဖို့ခက်တဲ့ အာဖရိကဝက်တုပ်ကွေးရောဂါ ပြန့်ပွားမှုကို ဟန့်တားဖို့ သစ်တောဟတ်တာ ၆၃,ဝဝဝ အတွင်း အမဲလိုက်ခြင်းကို အောက်တိုဘာလ ၁၄ ရက်အထိ ဟန့်တားထားတယ်လို့ ဘယ်လ်ဂျီယံ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘယ်လ်ဂျီယံအာဏာပိုင်တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ပညာရှင်အဖွဲ့တဖွဲ့ကို စေလွှတ်သွားမယ်လို့ ဥရောပ ကော်မရှင်က ပြောထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up