A d v e r t i s e m e n t With Us

အမေရိကန်တွင် မုန်တိုင်းဝင်ရောက်မှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံး

A vehicle navigates a flooded Ocean Boulevard during Hurricane Florence in North Myrtle Beach, South Carolina, U.S. September 14, 2018. REUTERS/Randall Hill
အမေရိကန်နိုင်ငံ ကယ်ရိုလိုင်းနားပြည်နယ်ကို စက်တင်ဘာလ ၁၄ ရက်နေ့က ဟာရီကိန်း ဖလော်ရန့်စ် ဝင်ရောက်ခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပါတယ်။ မုန်တိုင်းကြောင့် ပထမဆုံး သေဆုံးသူတွေထဲမှာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဝယ်မင်တန်မြို့က မိခင်နဲ့ သားငယ်တို့ ပါဝင်ပါတယ်။ သားအမိနှစ်ဦးဟာ မုန်တိုင်းကျချိန် အိမ်ပေါ်ကို သစ်ပင်ပြိုလဲပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ ကလေးရဲ့ ဖခင်ကိုတော့ ဆေးရုံ ပို့ဆောင်ခဲ့ပါတယ်။ ဒေသစံတော်ချိန် မနက် ၇ နာရီဝန်းကျင်မှာ မုန်တိုင်းဗဟိုချက်က ဝယ်မင်တန်မြို့အနီးက ရိုက်စ်ဗေးလ် ကမ်းခြေနားကို ရောက်ခဲ့တာပါ။ မုန်တိုင်းတိုက်ခတ်ချိန် လေတိုက်နှုန်း ၁ နာရီ မိုင် ၉ဝ  ရှိခဲ့တယ်လို့ အမျိုးသား ဟာရီကိန်း အေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။ မုန်တိုင်း ပြီးဆုံးချိန်မှာတော့ ဝယ်မင်တန်မြို့မှာ သစ်ပင်တွေ ပြိုလဲပြီး ဓာတ်အားလိုင်းတွေ ပြတ်ကျခဲ့ပါတယ်။ ဒီမုန်တိုင်းကြောင့်  အပျက်အစီး များခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။ ဖလော်ရန့်စ်ဟာ စက်တင်ဘာလ ၁၃ ရက်နေ့က လေတိုက်နှုန်း ၁ နာရီ မိုင် ၁၂ဝ ရှိတဲ့ အဆင့် ၃ ဟာရီကိန်းအဖြစ်ကနေ အဆင့် ၁ ဟာရီကိန်းအဖြစ် လျှော့ကျပြီး ကုန်းတွင်း ဝင်ရောက်ခဲ့တာပါ။ အဆိုပါ မုန်တိုင်းဒဏ်ကို လူ ၁ဝ သန်းဝန်းကျင် ကြုံတွေ့နိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up