ဗြိတိန်အစိုးရက အကျဉ်းထောင်လုံခြုံရေး မလုပ်နိုင်သည့်အပေါ် အရာရှိ ထောင်ချီဆန္ဒပြ

ထောင်နဲ့ချီတဲ့ ဗြိတိန်အကျဉ်းထောင်လုံခြုံရေး အရာရှိတွေဟာ အကျဉ်းထောင်တွေမှာ လုံခြုံဘေးကင်းအောင် အစိုးရဘက်က မလုပ်နိုင်တာနဲ့ အကြမ်းဖက်မှု အခြေအနေ မကြုံစဖူး မြင့်တက်လာတာတွေကို စက်တင်ဘာလ ၁၄ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဗြိတိန်အစိုးရကတော့ ဒါဟာ ဥပဒေနဲ့မညီလို့ လုပ်ငန်းခွင်ထဲပြန်ဝင်ကြဖို့ အကျဉ်းထောင် လုံခြုံရေးအရာရှိတွေကို တိုက်တွန်းခဲ့ပါတယ်။ ဒါ့ပြင် တရားဥပဒေကြောင်းအရ ရင်ဆိုင်ရဖို့အထိ ခြိမ်းခြောက်ခံခဲ့ရတယ်လို့လည်း အကျဉ်းထောင်အရာရှိများအဖွဲ့ (POA) ကပြောပါတယ်။ ဒါပေမယ့် အရာရှိတွေဟာ ဆန္ဒပြပြီး ၆ နာရီအကြာမှာ လုပ်ငန်းခွင်ထဲ ပြန်ဝင်ခဲ့ကြပါတယ်။ အရာရှိတွေဟာ သူတို့ရဲ့စိုးရိမ်မှုနဲ့ ပတ်သက်ပြီး ဗြိတိန်အကျဉ်းထောင်များဆိုင်ရာ ဝန်ကြီး ရိုဝီစတီးဝပ်ထံကနေ အာမခံချက်ရခဲ့တာကြောင့် လုပ်ငန်းခွင်ထဲ ပြန်ဝင်ကြတာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဗြိတိန်အကျဉ်းထောင်တွေရဲ့အခြေအနေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ သတင်းခေါင်းကြီးပိုင်း တွေအထိ ရောက်ရှိခဲ့ပါတယ်။ အင်္ဂလန်နယ်အလယ်ပိုင်း ဘတ်ဖော့ဒ် အကျဉ်းစခန်းထဲက အကျဉ်းသားတွေဟာ ထောင်တွင်းစည်းမျဉ်းတွေကို မလိုက်နာဘဲ မူးယစ်ဆေးသုံးတဲ့အထိ လုပ်နေကြတယ်လို့ ဗြိတိန်စုံစမ်း စစ်ဆေးရေးအရာရှိတွေက သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up