မိဘများက ကျောင်းဆရာဖြစ်ရန်သာ တွန်းအားပေးခဲ့ဟု လီဗာပူးတိုက်စစ်မှူး မာနေး ပြော

ငယ်ဘဝတုန်းက မိဘတွေက ဘောလုံးကစားတာကို တားမြစ်ပြီး ဆရာတယောက်ဖြစ်ဖို့ပဲ တွန်းအားပေးခဲ့ကြတယ်လို့ လီဗာပူးတိုက်စစ်မှူး မာနေးက ပြောကြားလိုက်ပါတယ်။ မာနေးကို ဆီနီဂေါနိုင်ငံက ရွာတရွာမှာ မွေးဖွားခဲ့ပြီး အဲဒီရွာမှာ လိဂ်ပြိုင်ပွဲ ကစားဖူးတဲ့ ဘောလုံးသမား တဦးမှ မရှိခဲ့ဖူးဘူးလို့ မာနေးက ဆိုပါတယ်။ မိမိရဲ့မိဘတွေဟာ ဘောလုံးကန်တာကို အချိန်ဖြုန်းနေတာလို့ ပြောခဲ့ပြီး ဆရာတယောက်ဖြစ်ဖို့အတွက် စာသင်ကြားဖို့ပဲ တိုက်တွန်းခဲ့တယ်လို့ မာနေးက သူ့ရဲ့ ငယ်ဘဝနဲ့ပတ်သက်ပြီး Bleacher Report နဲ့ အင်တာဗျူးမှာ ပြောပါတယ်။ ဒါပေမယ့် ဘောလုံးကိုပဲ ဆက်ကစားခဲ့ပြီး ရော်နယ်ဒင်ဟိုနဲ့ ဆီနီဂေါတိုက်စစ်မှူး ဒီအော့ဖ်တို့က မိမိရဲ့ စံပြကစားသမားတွေ ဖြစ်တယ်လို့ မာနေးက ဆိုပါတယ်။ မာနေးဟာ ဆီနီဂေါကလပ် ဖက်ဒရေးရှင်းဖုဒ်မှာ စတင်ကစားခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ပြင်သစ်ကလပ် မက်ဇ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ သြစတြီးယားကလပ် ရက်ဒ်ဘူးလ်ဆဲဘက်မှာ ကစားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ဆောက်သမ်တန်၊ ၂၀၁၆ ခုနှစ်မှာ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ကစားခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up