Email This Story :
ပါရီမြို့ရှိ အီဖယ်တာဝါမှာ စက်တင်ဘာ ၁၃ ရက်နေ့ကစပြီး အလင်းနဲ့ ပုံဖော်ဖျော်ဖြေပွဲကို နှစ်ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီ အလင်းနဲ့ ပုံဖော်ဖျော်ဖြေပွဲကို ပြင်သစ်-ဂျပန် သံတမန်ဆက်ဆံရေး နှစ် ၁၆၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ဂျပန်ယဉ်ကျေးမှုနဲ့အညီ ပြုလုပ်တာပါ။
ဒီပွဲကို ဂျပန်အလင်းဒီဇိုင်နာ မိုတိုကိုအီရှီရီနဲ့ သမီးဖြစ်သူ ပါရီဒီဇိုင်နာ အာကာရီလီဆာအီရှီရီတို့က ဖန်တီးခဲ့ကြတာပါ။
ဒီပွဲမှာ ၁၀ မိနစ်စာ အစီအစဉ်နှစ်ခု ပါဝင်ပါတယ်။ အစီအစဉ်တခုရဲ့ နာမည်ကို “လွတ်လပ်မှု၊ အလှတရားနဲ့ ကွဲပြားမှု” လို့ခေါ်ပြီး နောက်တခုကိုတော့ “အမှတ်လက္ခဏာပုံရိပ်” လို့ ခေါ်ပါတယ်။
ဒါ့အပြင် အီဖယ်တာဝါမှာ ဂျပန်နိုင်ငံအလံ ကိုယ်စားပြု အဖြူရောင်အလင်းနဲ့ အနီရောင် စက်ဝန်းတို့ကို ထွန်းညှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။