Home
မြန်မာသတင်း
မြစ်သာမြစ်ရေ တိုက်စားမှုကြောင့် ကလေးမြို့ နေအိမ် ၅၀ ခန့် ရွှေ့ပြောင်းရဖွယ်ရှိနေ
DVB
·
September 14, 2018
မြစ်သာမြစ် ကမ်းပါးပြိုနေတာကြောင့် မြစ်ရေစီး ဦးတိုက်နေတဲ့ ကလေးမြို့ အရှေ့ဘက် တောင်ဦးရွာ တောင်ပိုင်းမှာရှိတဲ့ လူနေအိမ် ၅၀ လောက် အရေးပေါ်ရွှေ့ပြောင်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီ တောင်ဦးရွာတာဝန်ခံ ဦးအောင်ကျော်မျိုးက "မြစ်ရေတက်တဲ့အချိန် ကမ်းပါးတိုက်စားတာမဟုတ်ဘဲ ရေကျမှ ကမ်းပါးက ပြိုကျတာ။ မြေအိတဲ့ပုံမျိုး ဖြစ်နေတယ်။ ဒီလထဲမှာ ရွာက အိမ် ၁၀ လုံး ပြောင်းထားရပြီ" လို့ပြောပါတယ်။ နေအိမ်ပြောင်းရွှေ့နေတဲ့ အိမ်ရှင်အမျိုးသမီးတဦးက “နေအိမ်တွေ ပြောင်းရတာ တချို့ နေစရာ အခက်အခဲ ဖြစ်ကြတယ်။ မြေဈေးကလည်းကြီးတော့ မဝယ်နိုင်ကြဘူး" လို့ ပြောပါတယ်။ နေအိမ်ပြောင်းရွှေ့ရသူတွေကိုတော့ လူမှုဝန်ထမ်းဌာနက ပစ္စည်း ၁၀ မျိုးပါ သေတ္တာ ၁ လုံး ငွေကျပ် ၁ သိန်းစီ ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း ကမ်းပါးပြိုမှုကြောင့် နေအိမ် ၁၃ လုံး ရွှေ့ပြောင်းခဲ့ရပြီး ရှေ့ဆက် မိုးကောင်းနေဦးမယ်ဆိုရင် တောင်ဦးရွာနဲ့ ဆက်နေတဲ့ ပြင်သာရွာပါ ထိခိုက်နိုင်နေပြီး အမြန်ဆုံးခိုင်ခန့် ကြီးမားတဲ့ ရေကာတာတံတိုင်းတခု တည်ဆောက်ဖို့ ရွာသားတွေက လိုလားနေပါတယ်။ ခုလို မြစ်ကမ်းပါးရေတိုက်စားမှုဘေးအန္တရာယ်ကို ကာကွယ်ဖို့အတွက် သက်ဆိုင်ရာ အနေနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ မြစ်သာမြစ်ထဲ စီးဝင်တဲ့ နန်းသည်းချောင်းရေကလည်း ကလေးနယ်ထဲက မြောက်စီး ရွာကမ်းပါးတွေကို တိုက်စားနေသလို လတ်တလော တောင်ဦးရွာ ကမ်းပါးတိုက်စားလို့ အလျား ပေ ၁၀၀၀ ကျော် ကမ်းပါးပြိုကျမှုကို ခံနေရတာပါ။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024