အပျော်ခရီးထွက်ချိန် ကြောက်မက်ဖွယ် ကမ်းပါးစွန်းပြိုကျမှုနှင့် ရင်ဆိုင်ခဲ့ရသူများ (ရုပ်သံ)

အားလပ်ရက် အပျော်ခရီးထွက်လာကြတဲ့ ခရီးသွားအုပ်စုတစုဟာ ဂရိနိုင်ငံကို ရောက်ရှိချိန်မှာ ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ ကမ်းပါးစွန်းပြိုကျမှုတခုနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဂရိနိုင်ငံ၊ နာဗာဂျီယိုကမ်းခြေမှာ ဖြစ်ခဲ့တာဖြစ်ပြီး အနည်းဆုံး လူ ၇ ဦးလောက် ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အသက်အန္တရာယ် ထိခိုက်ရလောက်အောင် စိုးရိမ်စရာ အခြေအနေမှာတော့ ရှိမနေခဲ့ပါဘူး။ လက်ရှိမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဒီမတော်တဆမှုမှာ ပိတ်မိနေသူတွေကို ရှာဖွေနေကြပါတယ်။ အဲဒီကမ်းခြေကို သင်္ဘောပျက်ကမ်းခြေဆိုပြီး ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားပြီး ကုန်းတွင်းပိုင်းကိုဖြတ်ပြီး လှေနဲ့ သွားရောက်ရတာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ခရီးသည်တွေရဲ့ ထိတ်လန့်တကြား အော်ဟစ်သံတွေနဲ့အတူ မှတ်တမ်းတင်ထားခဲ့တာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up