ထိုင်းဝန်ကြီးချုပ် ပရာယွတ် နာမည်ကြီး ဂျပန်မိန်းကလေး ပေါ့ပ်ဂီတအဖွဲ့ AKB48 နှင့် တွေ့ဆုံ

ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ နာမည်ကြီး ဂျပန်မိန်းကလေး ပေါ့ပ်ဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ AKB48 အဖွဲ့ဝင် ၆ ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ AKB48 အဖွဲ့ဟာ စက်တင်ဘာ ၁၃ ရက်နေ့က သမ္မတအိမ်တော်မှာ ဝန်ကြီးချုပ် ပရာယွတ်ကို ဖျော်ဖြေခဲ့ကြတာဖြစ်ပြီး သူတို့အဖွဲ့ဟာ လာမယ့် ဒီဇင်ဘာလမှာ ဘန်ကောက်ကို ဖျော်ဖြေပွဲသွားရောက်ဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ရုံး ဝန်ကြီး ကော့ဘ်ဆက်ခ်ပူးထရာကော်လ်က AKB48 အဖွဲ့ဝင် မိန်းကလေးတွေ ဖြစ်ကြတဲ့ နာနာမီအက်ဆိုင်၊ အေရီးချီဗာ၊ ဆာဟိုလွာတာတဲ၊ ရှီနိုဘူ မိုဂျီ၊ ချီယိုရီ နာကာနီရှီ၊ ယူကာရီ ဆာဆာကီတို့နဲ့ ပရာယွတ်ကို မိတ်ဆက်ပေးခဲ့တာပါ။ ဝန်ကြီးချုပ် ပရာယွတ်က ဘန်ကောက်မှာ ဖျော်ဖြေမယ့် သူတို့အဖွဲ့ရဲ့ပွဲကို ကြိုဆိုပြီး ဒါဟာ ထိုင်း-ဂျပန် နှစ်နိုင်ငံကြား ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆက်နွှယ်မှုကို ပိုပြီး ကောင်းမွန်လာစေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ AKB48 အဖွဲ့ဟာ သူတို့ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ Koi Suru Fortune Cookie သီချင်းနဲ့ ဖျော်ဖြေခဲ့ပြီး ဒီသီချင်းဟာ ခက်ခဲတဲ့အချိန်တွေကို ဖြတ်ကျော်နိုင်ဖို့ စိတ်ခွန်အားပေးတဲ့ သီချင်းတပုဒ်ဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up