A d v e r t i s e m e n t With Us

အက်သလက်တီကိုမက်ဒရစ် အားကစားဒါရိုက်တာကို မန်ယူ ခေါ်ရန်ပြင်ဆင်နေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်သလက်တီကိုမက်ဒရစ် အားကစားဒါရိုက်တာ ဘာတာကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ မန်ယူအသင်းအနေနဲ့ အသင်းသမိုင်းတလျှောက် ဘောလုံးဒါရိုက်တာရာထူးတခု ထားဖို့ ဆုံးဖြတ်ထားပြီး ကစားသမား အပြောင်းအရွှေ့တွေမှာ ဦးဆောင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ အစောပိုင်းက အေဂျက်အသင်းဒါရိုက်တာဖြစ်တဲ့ ဂိုးသမားဟောင်း ဗန်ဒါးဆားကို ပစ်မှတ်ထားခဲ့ပေမယ့် အဆင်မပြေ ဖြစ်ခဲ့တာပါ။ အသင်းအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါ့ဒ်ဟာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ အန်ဒရီရာ ဘာတာဟာ တိုက်စစ်မှူး ဂရစ်ဇ်မန်းနဲ့ ဂိုးသမား အိုဘလိတ်တို့ကို ခေါ်ယူရာမှာ ဦးဆောင်ခဲ့သူလို့ ဆိုပါတယ်။ မန်ယူအသင်းအနေနဲ့ အခုနှစ်ကုန်ပိုင်းမှာ ဘောလုံးဒါရိုက်တာရာထူး ခန့်အပ်မှာဖြစ်ပြီး ဘာတာအပြင် ဂျူဗင်တပ်က ပါရာတစ်ဆီ၊ စပါးဝန်ထမ်းဟောင်း မစ်ချယ်တို့ကိုလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up