A d v e r t i s e m e n t With Us

ကိုလံဘီယာ ELN သူပုန်အဖွဲ့က ဖမ်းထားသည့် ဓားစာခံ ၆ ဦးကို ပြန်လွှတ်ပေး

ဓာတ်ပုံ - HO-Colombia Ombudsman
ကိုလံဘီယာနိုင်ငံမှာ သမ္မတသစ် အီဗန်ဒုကဲက သူပုန်တွေနဲ့ စေ့စပ်ညှိနှိုင်းရေး ပြန်စဖို့ ကြိုးစားနေချိန်မှာပဲ ELN သူပုန်အဖွဲ့က သူတို့ဖမ်းထားတဲ့ ဓားစာခံ ၆ ဦးကို စက်တင်ဘာ ၁၂ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ သူပုန်တွေဟာ ဒီလအစောပိုင်းတုန်းကလည်း ဓားစာခံ ၃ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် သမ္မတ ဒုကဲကတော့ ဖမ်းထားတဲ့ ဓားစာခံ ၁၉ စလုံးကို ပြန်လွှတ်ပေးရမှာဖြစ်သလို မူးယစ်ဆေးဝါး မှောင်ခိုမှု အပါအဝင် ရာဇဝတ်မှုအားလုံးကို ရပ်တန့်မှ သူပုန်တွေနဲ့ ပြန်ဆွေးနွေးမယ်လို့ ကြေညာထားပါတယ်။ ELN သူပုန်အဖွဲ့ကို အစွန်းရောက် ကက်သလစ်ဘုန်းကြီးတွေက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၁၉၆၄ ခုနှစ်ကတည်းက ကိုလံဘီယာအစိုးရနဲ့ ပြည်တွင်းစစ် ဖြစ်နေတာပါ။ လွန်ခဲ့တဲ့ ၁၈ လ ပြီးခဲ့တဲ့ သမ္မတလက်ထက်ကတည်းက ဆွေးနွေးပွဲတွေ စတင်ခဲ့ပေမယ့် အကြမ်းဖက်မှုတွေကြောင့် ရပ်ဆိုင်းခဲ့ပါတယ်။ ကိုလံဘီယာနိုင်ငံမှာ အစိုးရနဲ့ သူပုန်တပ်ဖွဲ့၊ အစိုးရနဲ့ ရာဇဝတ်ဂိုဏ်းတွေအကြား အကြမ်းဖက်မှုတွေကြောင့် နှစ်ပေါင်း ၅၀ ကျော်အတွင်း အနည်းဆုံး လူ ၂ သိန်း ၆ သောင်းလောက် သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up