A d v e r t i s e m e n t With Us

အယ်လ်ဆာဗေဒိုး သမ္မတဟောင်း ဆာကာ လာဘ်စားမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

ဓာတ်ပုံ - Reuters
အယ်လ်ဆာဗေဒိုး သမ္မတဟောင်း အန်တိုနီယိုဆာကာကို လာဘ်စားမှု၊ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ငွေမည်းခဝါချမှုတွေနဲ့ အယ်လ်ဆာဗေဒိုးနိုင်ငံ ဆန်ဆာလ်ဗေဒေါမြို့ တရားရုံးတခုက စက်တင်ဘာ ၁၂ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ အသက် ၅၃ နှစ်အရွယ်ရှိ သမ္မတဟောင်း ဆာကာဟာ လူထုရန်ပုံငွေထဲကနေ သူကိုယ်တိုင်နဲ့ သူ့ရဲ့ နိုင်ငံရေးပါတီအတွက် အမေရိကန်ဒေါ်လာ ၇ သန်းကျော် အလွဲသုံးစား လုပ်ခဲ့ပါတယ်။ ဒါ့အပြင် တရားမဝင် ရယူထားတဲ့ ငွေမည်း ဒေါ်လာ သန်း ၂၀၀ ကျော်ကို ငွေဖြူတွေအဖြစ် လျှော်ဖွပ်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တာပါ။ ဒါ့အပြင် တရားမဝင် ရယူထားတဲ့ ဒေါ်လာ သန်း ၂၆၀ ကို နိုင်ငံတော်ကို ပြန်ပေးဖို့လည်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ သူ့အစိုးရအဖွဲ့ဝင် ထိပ်တန်းအရာရှိ ၆ ဦးကိုလည်း ထောင်ဒဏ် ၃ နှစ်ကနေ အမြင့်ဆုံး ၁၆ နှစ်အထိ အသီးသီး ချမှတ်ခဲ့ပါတယ်။ သမ္မတဟောင်း အန်တိုနီယို ဆာကာဟာ အယ်လ်ဆာဗေဒဒိုးနိုင်ငံကို ၂၀၀၄ ကနေ ၂၀၀၉ အထိ ၅ နှစ်ကြာ အုပ်ချုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း သားဖြစ်သူရဲ့ မင်္ဂလာဆောင်မှာ သူ့ကို လာဘ်စားမှုနဲ့ ဖမ်းဆီးပြီး ရုံးတင်စစ်ဆေးခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up