A d v e r t i s e m e n t With Us

ကွင်းလယ်လူ ရာဘီယော့ကို ရောင်းမည်မဟုတ်ဟု ပီအက်စ်ဂျီနည်းပြ သတိပေး

ကွင်းလယ်ကစားသမား ရာဘီယော့ဟာ အရေးပါတဲ့ ကစားသမားဖြစ်လို့ ရောင်းချမှာမဟုတ်ဘူးလို့ ပီအက်စ်ဂျီနည်းပြ တူချယ်က သတိပေး ပြောကြားလိုက်ပါတယ်။ ပြင်သစ်ကွင်းလယ်ကစားသမား ရာဘီယော့ကို ဘာစီလိုနာအသင်း အပါအဝင် ဂျူဗင်တပ်နဲ့ ချဲလ်ဆီး အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ ရာဘီယော့ဟာ အလားအလာရှိတဲ့ ကစားသမားကောင်းတဦးဖြစ်ပြီး ဘယ်လိုနည်းစနစ်မှာမဆို အသုံးဝင်တဲ့ ကစားသမား ဖြစ်တယ်လို့ တူချယ်က ပြောပါတယ်။ ရာဘီယော့ဟာ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာကြောင့် သူ့အတွက် ခက်ခဲတဲ့အချိန် ဖြစ်ခဲ့ပေမယ့် အသင်းနဲ့အတူ အကောင်းဆုံး ကြိုးစားနေတယ်လို့လည်း နည်းပြတူချယ်က ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up