Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ (ရုပ်သံ)
မြတ်နိုးအောင်
·
September 13, 2018
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုး တွေအတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။     မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားတကားရှိပါ တယ်။ ဒီကားကတော့ American Science Fiction Action အမျိုးအစား ရုပ်ရှင်ကြိုက် ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် ဇာတ်ကားတကားပါ။ The Predator လို့ အမည်ရ ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Shane Black က ရိုက်ကူးပုံ ဖော်ထားတာဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ 20th Century Fox က တင်ဆက်လိုက် တာ ဖြစ်ပါတယ်။ Predator လို့ ပြောလိုက်တာနဲ့ ရှေ့က ထွက်ပြီးခဲ့တဲ့ ရုပ်ရှင်ကားတွေဖြစ်တဲ့ Predator, Predator 2, Aliens vs. Predator စတဲ့ ရုပ်ရှင်ကားတွေကို ကြည့်ဖူးတဲ့ ပရိ သတ်တွေ ရင်းနီးနေကြမှာပါ။ ရှေ့မှာထွက်ခဲ့ဖူးတဲ့ ဇာတ်ကားတွေတုန်းလည်း ဒီကား တွေဟာ  အရမ်းအောင်မြင်ခဲ့ပြီး ရုပ်ရှင်ထူးချွန်ဆုတွေရရှိခဲ့ဖူးပါတယ်။ Predator ရုပ်ရှင်ကားတွေဟာ ဂြိုလ်သားတွေနဲ့ လူသားတွေကြား တိုက်ခိုက်ကြ တဲ့ အကြမ်းစားအက်ရှင်ကားအမျိုးစားဖြစ်ပြီး ရှေ့မှာ Predator  တွေနဲ့ပတ်သက်တဲ့ ရုပ် ရှင်ကား ၃ ကားထွက်ရှိဖူးခဲ့တာမို့ ဒီကားကိုတော့ Predator 4 လို့ သတ်မှတ်ထားကြ တာပါ။ ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်မှုတွေနဲ့ တင်ဆက်လေ့ရှိတဲ့ ဒီကားတွေရဲ့ ထုံးစံအ တိုင်း ခုအသစ်ထွက်လာတဲ့ ရုပ်ရှင်ကားထဲမှာ ဘယ်လိုဆန်းသစ်တဲ့ ပြကွင်းပြကွက်တွေ ကို တွေ့ရမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါ တယ်။ ဒီကားထဲမှာတော့ အမေရိကန်သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ Boyd Holbrook, Trevante Rhodes, Jacob Tremblayတို့နဲ့အတူ သရုပ်ဆောင်မင်းသမီး Olivia Munn, ကနေဒါ ကလေးသရုပ်ဆောင် Keegan-Michael Keyတို့က ခေါင်း ဆောင်ပါဝင်ထားကြတာဖြစ်ပြီး IMDb မှာတော့ Rating 7.7 ထိ ရရှိထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေ၊ ဇာတ်ဝင်ခန်းတွေနဲ့ ပြောစကား Dialog တွေ ပါဝင်နေတဲ့အတွက် ဒီရုပ်ရှင်ကားကိုတော့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားကို နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ စက်တင်ဘာလ ၆ ရက်နေ့က ပြသခဲ့ပြီး ပရိသတ်အားပေးမှုတွေ  ရရှိ ထားတဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။ Box Office မှာတော့ ဒီရုပ်ရှင်ကားကို ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ၀င်ငွေ အမေရိကန်ဒေါ်လာ ၂၅ သန်းနဲ့ သန်း ၃၀ ကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါ တယ်။ ကြာမြင့်ချိန် ၁၀၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     ဒုတိယမြောက်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန်မာရုပ်ရှင်ကား တကားဖြစ်တဲ့ မိုးပန်းပွင့်ရဲ့ သင်္ကေတ။     စာရေးဆရာမ နှင်းဝေငြိမ်းရဲ့ ၀တ္ထုကို  သရုပ်ဆောင်ဒါရိုက်တာ ကိုပေါက်က ပုံ ဖော်ရိုက်ကူးပေးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ Forever Group က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ နိုင်ငံရေးနောက်ခံ ချစ်ခြင်းမေတ္တာဖွဲ့ ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားထဲမှာ တော့ ဖိနှိပ်တားဆီးမှုတွေကြားက အချစ်၊ အာဃာတ၊ သံယောဇဉ်နဲ့ မေတ္တာတရားတွေ ကို ရှုစားကြရမှာပါ။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ မေ့ဖျောက်ထားလို့မရတဲ့ ရွှေဝါရောင်တော်လှန်ရေးအ ကြောင်းကိုလည်း ဒီရုပ်ရှင်ကားထဲမှာ ထူးထူးခြားခြား ထည့်သွင်းရိုက်ကူးထားပြီး တော် လှန်ရေးနှစ်ပတ်လည်နေ့မတိုင်ခင် ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ၀ါရင့်သရုပ်ဆောင်မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ ရန် အောင်၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦးတို့နဲ့အတူ တက်သစ်စသရုပ်ဆောင်တွေ ဖြစ် ကြတဲ့ ဟန်လင်းသန့်၊ မေမြင့်မိုရ်နဲ့ နေအဉ္ဇရာတို့က အဓိက ဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ မိုးပန်းပွင့်၊ ချိုမြိန်၊ သြဇာဆိုတဲ့ အရမ်းချစ်ကြတဲ့ လူငယ်သူငယ်ချင်း ၃ ယောက် ကြားက ချစ်ခြင်းမေတ္တာတွေအကြောင်းကို နိုင်ငံရေးနောက်ခံ ဇာတ်လမ်းဇာတ်ကွက်တွေ နဲ့ ဘယ်လို ပုံဖော်ရိုက်ကူးထားမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစား ကြရတော့မှာ ဖြစ်ပါတယ်။ မိုးပန်းပွင့်ရဲ့ သင်္ကေတရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးကိုတော့ တေးရေးဆရာ မြင့် မိုးအောင်က ရေးစပ်ပေးထားပြီး အဆိုတော် ကေကေမိုးက သီဆိုပေးထားခဲ့တာဖြစ်ပါ တယ်။ ရုံမတင်ခင်ကတည်းက ရွှေဝါရောင်တော်လှန်ရေးအကြောင်းရုပ်ရှင်ဆိုပြီး နာမည် ကြီးနေခဲ့တဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသ တော့မှာ ဖြစ်ပါတယ်။     ဒီတခါ မူဗီခရေဇီတွေကို မိတ်ဆက်ပြောပြပေးမယ့် ရုပ်ရှင်ကားကတော့ Animation ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် A Wizard’s Tale အမည်ရတဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။     ဒီကားကိုတော့ မက္ကဆီကို ရုပ်ရှင်ဒါရိုက်တာ Andrés Couturier က ပုံဖော်ရိုက် ကူးပေးထားတာ ဖြစ်ပါတယ်။     ဒီဇာတ်လမ်းထဲမှာတော့ မှော်တိုင်းပြည်တခုထဲကို ရောက်သွားခဲ့တဲ့ ကောင်လေး Terry အကြောင်းကို အခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲဒီတိုင်းပြည်မှာတော့ Grump အမည်ရတဲ့ ဆိုးဝါးတဲ့ Evil Wizard ကြီးရှိနေတယ်။ တိုင်းသူပြည်သားတွေ ပျော်ရွှင်ရယ်မောတာတွေဟာ အဲဒီတိုင်းပြည်မှာ မရှိတော့ပဲ ပျောက်ဆုံးနေခဲ့ချိန်မှာ ဒါ တွေပြန်ရနိုင်ဖို့ စကားတခွန်း လိုအပ်နေတယ်။ Terry လေးက ဒါကို ရှာဖွေပြီး ကယ်တင် နိုင်ဖို့ မှော်တိုင်းပြည်ကို ခရီးဆက်ခဲ့ချိန်မှာ မင်းသမီးလေး Dawn နဲ့အတူ ဘာတွေ ရင် ဆိုင်ရမလဲ။ ဘယ်လိုစွန့်စားခန်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာတွေကို ဒီရုပ်ရှင်ကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်တွေအများကြီးက အသံနဲ့ ပါဝင်သရုပ် ဆောင်ထားကြတာဖြစ်ပြီး အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ Terry နဲ့ Princess Dawn နေရာမှာတော့ ဗြိတိန်သရုပ်ဆောင်မင်းသား Toby Kebbell နဲ့ ဗြိတိန်-အမေ ရိကန်သရုပ်ဆောင်မင်းသမီး Lily Collins တို့က အသံနဲ့ ပါဝင်ထားကြတာ ဖြစ်ပါတယ်။ IMDb မှာ Rating 5.6 ရရှိထားပြီး ကြာမြင့်ချိန် ၉၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို တော့ လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ ချူ ဆီအမည်ရတဲ့ မြန်မာရုပ်ရှင်ကားတကားပါ။     ဒီကားကိုတော့ အောင်ခေတ်မင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ် ပြီး သရုပ်ဆောင်မင်းဦးက ဒါရိုက်တာအဖြစ် ပွဲဦးထွက် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဖြစ်ပါ တယ်။     ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသား ကျော်ထက်အောင်နဲ့အတူ နာမည်ကြီး သရုပ်ဆောင်မင်းသမီး ၅ ဦးတို့က အတွဲညီညီနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါ တယ်။     မတူညီကြတဲ့ ဘ၀ပေးအခြေအနေ နောက်ခံအကြောင်းတွေနဲ့ နန်းတော်အမည်ရ တဲ့ KTV ဆိုင်ကို ပုံစံအမျိုးမျိုးနဲ့ ရောက်လာခဲ့ကြပြီး မိသားစုအတွက် ပိုက်ဆံရှာဖွေနေ ကြရတဲ့  အမျိုးသမီးတွေအဖြစ် မယ်လိုဒီ၊ အေးမြတ်သူ၊ အိချောပို၊ မေနဲ့ နန်းဆုဦးတို့က ဒီ ကားထဲမှာ သရုပ်ဆောင်ထားခဲ့ကြပြီး ကျော်ထက်အောင်ကိုတော့ KTV ဆိုင်ရဲ့ မန်နေ ဂျာတဦးအဖြစ် တွေ့ကြရမှာ ဖြစ်ပါတယ်။     စုမောင်မောင်ရဲ့ ဇာတ်လမ်းကို မိုးနီလွင်က ဇာတ်ညွှန်းခွဲထားတဲ့ ဒီရုပ်ရှင်ကားထဲ မှာတော့ ချူဆီဆိုတဲ့အတိုင်း ဘယ်သူတွေက ဘယ်သူ့ကို ချုမှာလဲ။ ဘယ်လိုဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ပုံဖော်ထားမလဲဆိုတာကို ပရိတ်သတ်တွေက မကြာခင်မှာ ရှုစားကြရ တော့မှာ ဖြစ်ပါတယ်။     ချူဆီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားထဲက Dialog တွေဟာလည်း Trailer နဲ့တင် စိတ်ဝင်စားမှုတွေ ရှိနေ ခဲ့ပြီး ကျော်ထက်အောင်နဲ့ နာမည်ကြီးမင်းသမီး ၅ ယောက် တွဲဖက်သရုပ်ဆောင်မှုက လည်း စိတ်ဝင်စားစရာဖြစ်နေခဲ့တာပါ။     ဒီကားကိုတော့ လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ် ပါတယ်။     မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဖြစ် ရပ်မှန်အခြေပြု ရုပ်ရှင်ပရိသတ်အကြိုက် ရုပ်ရှင်ကားတကားပါ။ White Boy Rick လို့ အမည်ရပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ပြင်သစ်ရုပ်ရှင်ဒါရိုက်တာ Yann Demange က ပုံဖော်ရိုက် ကူးထားတာဖြစ်ပြီး နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Sony Pictures Entertainment က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်ကာလကို အခြေတည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ အမေရိကန် နိုင်ငံက အသက်အငယ်ဆုံး FBI Informant  Richard Wershe Jr. အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလက သူဟာ အသက် ၁၄ နှစ်အရွယ်ပဲ ရှိသေးတဲ့ ဆယ်ကျော် သက်ကောင်လေးတယောက်ဖြစ်ပြီး နောက်ပိုင်းသူ့ကို FBI က မလိုအပ်တော့တဲ့အချိန် မှာ မူးယစ်မှောင်ခိုသမားတယောက်ဖြစ်လာခဲ့တယ်။ ၁၉၈၇ ခုနှစ်၊ သူ့အသက် ၁၈ နှစ် အရွယ်မှာတော့ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် တသက်တကျွန်းပြစ်ဒဏ်ချမှတ်ခံခဲ့ရပါ တယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ သူ့ရဲ့ ဘ၀အကြောင်းကို ဘယ်လိုပုံဖော်ရိုက်ကူးထားမ လဲဆိုတာတွေကို ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာပါ။     ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ Richard Wershe Jr. နေရာ မှာတော့ အမေရိကန်ဆယ်ကျော်သက် Richie Merritt က ခေါင်းဆောင်ပါဝင်ထားခဲ့ပြီး သူဟာ တခါမှ သရုပ်မဆောင်ဖူးသေးတဲ့ မျက်နှာသစ်သရုပ်ဆောင်တဦးဖြစ်တာမို့ ဘယ် လိုပီပီပြင်ပြင်သရုပ်ဆောင်ထားမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။     သူနဲ့အတူ ဟောလိဝုဒ်သရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Matthew McConaughey, Jennifer Jason Leigh, Piper Laurie, Eddie Marsan တို့က တွဲဖက် ပါဝင်ထားကြတာပါ။     ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ သွေးထွက်သံယို ဇာတ်ဝင်ခန်းတွေ၊ ပြောစ ကား Dialog တွေ ပါဝင်နေတာမို့ ဒီရုပ်ရှင်ကားကိုတော့ Restricted R အဆင့် သတ် မှတ်ထားပါတယ်။     ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 7.4 အထိ ရရှိထားတဲ့ ဇာတ်ကားတ ကားပါ။     ဒီရုပ်ရှင်ကားကို Box Office မှာတော့ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ၀င်ငွေအမေရိ ကန်ဒေါ်လာ ၅ သန်းကနေ ၉ သန်းထိ ရနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါ တယ်။     ကြာမြင့်ချိန် ၁၁၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေအကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ၀င်ရောက်ကြည့်ရှု အားပေးနိုင်ပါ တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024