တက္ကစီယာဉ်မောင်းကို ထိုးနှက်ခဲ့သည့် တိုက်စစ်မှူး ဘန်တနာ ပရိသတ်ကို တောင်းပန်

အာဆင်နယ်တိုက်စစ်မှူးဟောင်း ဘန်တနာဟာ တက္ကစီယာဉ်မောင်းကို လက်သီးနဲ့ထိုးခဲ့တာနဲ့ ပတ်သက်ပြီး တောင်းပန်ကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။ အသက် ၃၀ ရှိ ဒိန်းမတ်တိုက်စစ်မှူး ဘန်တနာဟာ နော်ဝေကလပ် ရိုစင်ဘော့အသင်းမှာ ကစားနေတာပါ။ တနင်္ဂနွေနေ့ညက ဒိန်းမတ်နိုင်ငံ ကိုပေဟေဂင်မြို့မှာ တက္ကစီယာဉ်မောင်းနဲ့ ပြဿနာဖြစ်ခဲ့ပြီး မေးရိုးကျိုးအောင် ထိုးနှက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။ မမျှော်လင့်ဘဲ ပြဿနာဖြစ်ပွားခဲ့တဲ့အတွက် ဝမ်းနည်းမိပြီး အသင်းဖော်တွေ၊ ပရိသတ်တွေ အားလုံးကို တောင်းပန်လိုတယ်လို့ ဘန်တနာက ပြောကြားခဲ့ပါတယ်။ ဒီကိစ္စကြောင့် ဘန်တနာကို စွဲချက်တင်ထားပြီး သူ့ရဲ့ရှေ့နေကနေတဆင့် ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဘန်တနာဟာ ပြီးခဲ့တဲ့နှစ်က နော်တင်ဟမ်ဖောရက်စ် အသင်းကနေ နော်ဝေကလပ် ရိုစင်ဘော့အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စုစုပေါင်း ပွဲ ၇၀ မှာ ၃၂ ဂိုး သွင်းယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up