ချဲလ်ဆီးတွင် နောက်ထပ် ၅ နှစ်လောက် ဆက်ကစားချင်ဟု ဝီလျံ ပြော

1.1K
ချဲလ်ဆီးအသင်းမှာ နောက်ထပ် ၅ နှစ်လောက် ဆက်ကစားသွားလိုတယ်လို့ ကွင်းလယ်ကစားသမား ဝီလျံက ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးအသင်းကနေ ထွက်ခွာမယ်လို့ ဘယ်တုန်းကမှ ပြောကြားခဲ့ခြင်း မရှိဘူးလို့လည်း အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး ဝီလျံက ငြင်းဆန်သွားပါတယ်။
ချဲလ်ဆီးအသင်းဆီ စရောက်ကတည်းက အသင်းမှာ ကစားနိုင်သမျှ ဆက်ကစားဖို့ပဲ စဉ်စားထားပြီး စာချုပ်သက်တမ်း ၂ နှစ်ပဲ ကျန်တော့ပေမယ့် အသင်းမှာ ဆက်ကစားလိုတယ်လို့ လန်ဒန် Evening Standard သတင်းစာနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။
ဘရာဇီးကစားသမား ဝီလျံဟာ ၂၀၁၃ ခုနှစ်ကတည်းက ချဲလ်ဆီးအသင်းကို ရောက်ရှိလာတာဖြစ်ပြီး စုစုပေါင်း ၂၄၁ ပွဲမှာ ၄၄ ဂိုး သွင်းယူထားပါတယ်။