ရက်ရှ်ဖို့ဒ် အဲဗာတန်သို့ ပြောင်းရွှေ့ကစားသင့်ဟု ကာရေဂါ တိုက်တွန်း

ရက်ရှ်ဖို့ဒ်အနေနဲ့ မန်ယူအသင်းမှာ အရန်ခုံထိုင်နေမယ့်အစား အဲဗာတန်အသင်းကို ပြောင်းရွှေ့ကစားသင့်တယ်လို့ အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါက တိုက်တွန်းလိုက်ပါတယ်။ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်က ဆွစ်ဇာလန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ခြေစမ်းပွဲမှာ တလုံးတည်းသော အနိုင်ဂိုး သွင်းခဲ့ပါတယ်။ မန်ယူအသင်းမှာ ရက်ရှ်ဖို့ဒ်အနေနဲ့ လူကာကူရဲ့နေရာကို အစားထိုးဖို့ မဖြစ်နိုင်သေးတာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရမယ့် အဲဗာတန်အသင်းဆီ ပြောင်းရွှေ့သင့်တယ်လို့ ကာရေဂါက ဆိုပါတယ်။ လူကာကူလည်း အရင် ချဲလ်ဆီးအသင်းမှာ ဒရော့ဘာရှိနေလို့ နေရာမရခဲ့တာကြောင့် အဲဗာတန်ကို ပြောင်းရွှေ့ပြီး ခြေစွမ်းပြခဲ့လို့ မန်ယူအသင်းမှာ ကစားနိုင်ခဲ့တယ်လို့ ကာရေဂါက ဥပမာပေး ပြောကြားခဲ့ပါတယ်။ အသက် ၂၀ ရှိ ရက်ရှ်ဖို့ဒ်ဟာ အခုနှစ် ဘောလုံးရာသီမှာ လူစားဝင်ကစားသမား အဖြစ်နဲ့ပဲ ကစားနေရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up