ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဆန်ကာတင်စာရင်းတွင် ဂရစ်ဇ်မန်း မပါဝင်မှုအပေါ် ဝေဖန်

1K
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင်သုံးဦးစာရင်းမှာ ဂရစ်ဇ်မန်း မပါဝင်တာနဲ့ ပတ်သက်ပြီး နည်းပြ ဆီမြွန်နီက ဝေဖန်လိုက်ပါတယ်။
ဂရစ်ဇ်မန်းဟာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီး ယူရိုပါလိဂ်မှာ ချန်ပီယံဆု ရခဲ့သလို စပိန်လာလီဂါမှာလည်း ဒုတိယရခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားတဦး ဖြစ်တယ်လို့ ဆီမြွန်နီက ဆိုပါတယ်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာလည်း အကောင်းဆုံးကစားသမား ဖြစ်ခဲ့ပေမယ့် ဆန်ကာတင်သုံးဦး စာရင်းမှာ ရွေးချယ်ခြင်းမရှိတာဟာ ရှက်စရာကောင်းတယ်လို့ ဖီဖာကို ဆီမြွန်နီက ဝေဖန်ခဲ့ပါတယ်။
ဆန်ကာတင်သုံးဦးစာရင်းမှာ ရီးရဲလ်မက်ဒရစ်က မိုဒရစ်၊ စီရော်နယ်ဒိုနဲ့ လီဗာပူးတိုက်စစ်မှူး ဆာလက်တို့ ပါဝင်နေတာ ဖြစ်ပါတယ်။