A d v e r t i s e m e n t With Us

အိန္ဒိယတွင် ဘတ်စ်ကားတစီး လျှိုထဲထိုးကျမှုကြောင့် သေဆုံးသူ ၅၅ ဦးထိ မြင့်တက်

ဓာတ်ပုံ - ANI
အိန္ဒိယနိုင်ငံတောင်ပိုင်း၊ တယ်လန်ဂါနာပြည်နယ်မှာ စက်တင်ဘာ ၁၁ ရက်နေ့က ဘတ်စ်ကားတစီး လျှိုထဲထိုးကျမှုမှာ သေဆုံးသူ ၅၅ ဦးအထိ မြင့်တက်လာတယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။ ဘတ်စ်ကားဟာ ပြည်နယ်မြို့တော် ဟိုက်ဒရာဘတ်ကနေ မိုင် ၁၂၀ အကွာ ဂျက်တိုင်ရယ် ခရိုင်ထဲမှာရှိတဲ့ တောင်ထိပ်ဘုရားကျောင်းက ပြန်လာတဲ့ ခရီးသည်တွေကို တင်လာရင်း လျှိုထဲထိုးကျခဲ့တာလို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ ဘတ်စ်ကားပေါ်မှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့အပြင် ခရီးသည် ၉၄ ဦး လိုက်ပါလာပြီး ယာဉ်မောင်းဟာ သတ်မှတ်မိုင်နှုန်း ၅၂ မိုင်ထက် ပိုမောင်းခဲ့ပုံရတယ်လို့ ခရိုင်အဆင့် ထိပ်တန်းအရာရှိတဦးက ပြောထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အာဏာပိုင်တွေကတော့ ဒီဖြစ်စဉ်ကို စတင်စုံစမ်းနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up