Home
မြန်မာသတင်း
မြန်မာစစ်ဗိုလ်ချုပ်ကြီးများအပေါ် အရေးယူရန်သင့်မသင့် ဘန်ကောက်ဆွေးနွေးပွဲ ထိုင်းရဲပိတ်ပင်
DVB
·
September 12, 2018
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) မှာ ကျင်းပဖို့ စီစဉ်နေတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေအပေါ် နိုင်ငံတကာရာဇဝတ်မှုနဲ့ အရေးယူဖို့ သင့်မသင့်  ဆိုတဲ့ကိစ္စနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို နယ်မြေခံ ထိုင်းရဲတပ်ဖွဲ့က လာရောက် ပိတ်ပင်ဟန့်တားခဲ့ပါတယ်။ စက်တင်ဘာ ၁၀ ရက် ည ၇ နာရီက ဆွေးနွေးပွဲကျင်းပဖို့ ပြင်ဆင်နေစဉ် လုမ္ပနီနယ်မြေရဲစခန်း တာဝန်ရှိရဲတပ်ဖွဲ့ဝင် ၂၀ ဦး ရောက်ရှိလာပြီး ပိတ်ပင်တားဆီးခဲ့တာပါ။ ဒီဆွေးနွေးပွဲဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်တဲ့အပြင် မငြိမ်သက်မှုတွေ ဖန်တီးလိုသူတွေအတွက် အခွင့်အလမ်းဖြစ်စေနိုင်ကြောင်း၊ လက်ရှိ အခြေနေနဲ့လည်း မသင့်တော်တဲ့အတွက် ဆွေးနွေးပွဲမလုပ်ဖို့ ဘန်ကောက် လုမ္ပနီနယ်မြေရဲစခန်းမှူး အခရဝုဒ်ထားနီးရတ်က လက်မှတ်ရေးထိုးပြီး အစည်းဝေးမတိုင်ခင် ကန့်ကွက်စာတစောင် ပို့ထားခဲ့ပါတယ်။ ဒါပေမယ့် စက်တင်ဘာ ၁၀ ရက်ညမှာ ဆွေးနွေးပွဲကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့က လာရောက်ဟန့်တားခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်သူ အားလုံးရဲ့ အမည်နဲ့ ကိုယ်ရေးရာဇဝင်တွေ ကောက်ယူဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဦးထွန်းခင်၊ မကြာသေးခင်ကမှ ရခိုင်အရေးဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အတိုင်ပင်ခံအဖြစ်ကနေ နုတ်ထွက်ခဲ့တဲ့ ထိုင်းသံအမတ်ဟောင်း ကော့ဆဒ်ဒီ ချုတီကွန်းနဲ့ နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် ICJ ကိုယ်စားလှယ် ခိန်စလီအက်ဘော့တ်တို့က ဦးဆောင်ဆွေးနွေးဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024