A d v e r t i s e m e n t With Us

အာဖဂန်မှလာသည့် ဒုက္ခသည်များကို နေရပ်ပြန်ပို့ရေး ပညာသတိရှိရန် ကုလ အကြံပြု

အာဖဂန်နစ္စတန်နိုင်ငံက လာတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရာမှာ ပညာသတိရှိဖို့ ကုလသမဂ္ဂက အကြံပြုလိုက်ပါတယ်။ ဥရောပမှာ တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်အပြီး အာဖဂန်နိုင်ငံကလာတဲ့ ဒုက္ခသည်တွေ အပြစ်ပြော ကဲ့ရဲ့ခံနေရတာကြောင့် စိုးရိမ်မိတယ်လို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက စက်တင်ဘာ ၁၀ ရက်နေ့မှာ ပြောပါတယ်။ ကုလ အရေးပေါ်ညှိနှိုင်းရေးမှူး မာ့ခ်လိုးကော့ခ်နဲ့အတူ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နိုင်ငံတွေဆီ ပူးတွဲခရီးစဉ်အပြီး သတင်းထောက်တွေကို ခုလို ပြောလိုက်တာပါ။ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေကို အပြစ်ပြော ကဲ့ရဲ့တာ မလုပ်ဖို့နဲ့ ဒီအခြေအနေကို သတိနဲ့ကိုင်တွယ်ဖို့ကိုလည်း ဂရန်ဒီက ဥရောပခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံအတွင်း လွှတ်တော်အမတ်နဲ့ သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိပေမယ့် လုံခြုံရေးအခြေအနေက ယိုယွင်းနေသလို ပိုပြီး ယိုယွင်းဖို့အလားအလာ ရှိနေတဲ့အတွက် အာဖဂန်ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အဆောတလျင် ပြန်မပို့ဖို့လည်း သူက ဆော်သြပါတယ်။ ဥရောပနိုင်ငံတွေမှာ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အာဖဂန်နိုင်ငံသားတချို့ အဖမ်းခံခဲ့ရသလို လတ်တလောနှစ်တွေအတွင်း လက်ယာယိမ်း ဆန္ဒပြပွဲအများစု ပေါ်ပေါက်ခဲ့ပါတယ်။ အာဖဂန်နိုင်ငံသားတွေကို လက်ခံထားတဲ့ အစိုးရတွေဆီက ဖိအားတွေ ပိုများလာပေမယ့် သူတို့ကို မူရင်းနိုင်ငံ ပြန်ပို့ရေး နှေးနှေးဖြည်းဖြည်းလုပ်ဖို့နဲ့ ပညာသတိ ကြီးကြီးထားဖို့ ကုလ ဒုက္ခသည်အေဂျင်စီက အကြံပြုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up